တရုတ်-ရုရှား ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို ရာနှုန်းပြည့်နီးပါး ဖယ်ရှားလာနိုင်ပြီ

အောက်တိုဘာ ၂၂

      တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကိုဖယ်ရှားလာခဲ့ရာ ယခုအခါ ရာနှုန်းပြည့်နီးပါး ရှိလာပြီဖြစ်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်ရက်ရှိနီကော့ က ပြောသည်။

      ထို့ပြင် ရုရှားနိုင်ငံ၏ပြည်ပကုန်သွယ်မှုတွင် ရူဘယ်ငွေကြေးနှင့် ယွမ်ငွေကြေး တို့ကို အသုံးပြုမှုပမာဏသည် ၇၀ ရာခိုင်နှုန်းနီးပါး ရှိလာပြီဖြစ်ကြောင်း စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက ဆက်ပြောသည်။

       ” ကျွန်တော်တို့အနေနဲ့ ကုန်သွယ်ရေးကို ပြန် လည်တည်ဆောက်နေပါတယ်။ နိုင်ငံရဲ့ ကုန်သွယ် ရေးကဏ္ဍကို အားလုံးခြုံငုံပြီး ကြည့်မယ်ဆိုရင် ကုန်သွယ်ရေးမှာ ရူဘယ်နဲ့ ယွမ်ငွေကြေးတို့ကို အသုံးပြုမှုက ၆၈ ရာခိုင် နှုန်း အထိ ရှိလာပါပြီ။ ဒါ့အပြင် ရုရှား-တရုတ် ကုန် သွယ်မှုမှာတော့ အဲဒီငွေကြေးနှစ်ရပ်ကို အသုံးပြုမှုက ၉၅ ရာခိုင်နှုန်းရှိလာပြီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငွေပေးချေမှုလမ်းကြောင်းဆိုင်ရာ ပြဿနာကိုလည်း ဖြေရှင်းပြီးပါပြီ ” ဟု မက်ဆင်ရက် ရှိနီကော့ က ဆက်ပြောပါသည်။

       ရုရှားနိုင်ငံသည် ၂ဝ၂၂ ခုနှစ်မှစ၍ မွန်ဂိုလီးယား၊ တရုတ်(တိုင်ပေ)၊ ဖိလစ်ပိုင်၊ မလေးရှား၊ ယူအေအီး၊ ထိုင်း၊ ဂျပန်၊ တာဂျီကစ္စတန်နိုင်ငံတို့နှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာအစား ယွမ်ငွေကြေးကို အသုံး ပြုလာခြင်းဖြစ်သည်။

      အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ပြီးနောက် ရုရှားက ကုန်သွယ်ရေးတွင် မိတ်ဆွေ မဖြစ်သော နိုင်ငံများမှငွေကြေးများကို အသုံးပြုမှုမှ ရှောင်ကြဉ်သည့်အနေဖြင့် တရုတ်ယွမ်ငွေကြေးကို ပြောင်းလဲအသုံးပြု လာခြင်းဖြစ်သည်။

        ယခုနှစ်အတွင်း တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိ ရောက်ရှိမည်ဟု ခန့် မှန်းထားခဲ့ရာ ယခုအခါ ဒေါ်လာဘီလီယံ ၂၂၀ အထိရောက်ရှိမည်ဟု တိုးမြှင့်ခန့်မှန်း ထားကြောင်း အာရ်တီသတင်းဌာနက ဖော်ပြထား သည်။

#PAN