စဥ့်ကူးမြို့နယ်အတွင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦး အကြောင်းမဲ့ သတ်ဖြတ်ခံရ

အောက်တိုဘာ ၂၂

      မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ရွှေဒုံးကျေးရွာအုပ်စု၊ရွှေဒုံးကျေးရွာတွင် အုပ်ချုပ်ရေးမှူး တစ်ဦးကို ပမည်မသိအကြမ်းဖက်သမား PDF များက ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ဉ့်ကူးမြို့နယ်၊ရွှေဒုံးကျေးရွာအုပ်စု၊ရွှေဒုံးကျေးရွာနေ ဦးဗေဒါ၊၅၇နှစ်၊(ဘ)ဦးအောင်ခင်၊ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူး၊တောင်သူသည် ၎င်း၏ နေအိမ်အတွင်းရှိနေစဉ် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အမည်မသိ အကြမ်း ဖက် PDF အဖွဲ့၊အင်အား ၅ ဦးတို့က ဆိုင်ကယ် ၃ စီးဖြင့် ညောင်ပင်ကျေးရွာနှင့် ရွှေဂုံတိုင်ကျေးရွာဘက်မှ မောင်းနှင်လာကာ ဦးဗေဒါ ၏ နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ကာ ဦးဗေဒါအား သေနတ်အမျိုးအစား(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ပြီး ရွှေဂုံတိုင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်သွားခဲ့ခြင်း ဖြစ်သည်။

       ထိုသို့ သေနတ်ဖြင့်ပစ်ခံရခြင်းကြောင့် ဦးဗေဒါ တွင် ဦးခေါင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

      မန္တလေးတိုင်းဒေသကြီးအတွင်း သာမန်အားဖြင့် ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်နေသော် လည်း နေစဥ်ဆိုသလို အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။ ထိုပြင် အဆိုပါ တိုင်းဒေသကြီးအတွင်း အကြမ်းဖက် PDF များသည် အခြေပြုစခန်းဖြင့် အမာခံနယ် မြေတည်ဆောက်ပြီး လှုပ်ရှားမှုများမရှိသော် လည်း NUG ၏ လမ်း ညွှန်မှုများအတိုင်း ပြည်ခိုင်ဖြိုးပါ တီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့ ၏မိသားစုများကိုပါ ပစ်မှတ်ထားကာ လာရောက်သတ်ဖြတ်ပြီး ထွက်ပြေးကာ ပုန်းရှောင်နေကြကြောင်း သိရသည်။

#PAN