ကော့သောင်းမြို့နယ်၊ ၉၉၉)ကူးတို့ဆိပ်တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဖန်ဖလားလှေဆိပ်မှ တင်ဆောင်လာသည့် အဝတ်အိတ်ထဲမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


အောက်တိုဘာ၂၂

တနင်္သါရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ (၉၉၉)ကူးတို့ဆိပ် တွင်
အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် လုံခြုံရေးအဖွဲ့များမှ စစ်ဆေးရာမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်းသိရသည်။

​ဖြစ်စဥ်မှာ ကျော်ကျော်(၄၂)နှစ် လှေမောင်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ ကော့သောင်း မြို့နေသူ မောင်းနှင်လာသော KT-41 ပဲ့ချိတ် စက်လှေအား စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဖန်ဖလားလှေဆိပ်မှ တင်ဆောင်လာသည့် အဝတ်အိတ်ထဲမှ ခြောက်လုံးပြူး (၁)လက်၊ ပွိုင့်- ၃၈ ကျည်(၆)တောင့်၊ခြောက်လုံးပြူး(ငွေရောင်)နှင့် ပွိုင့်- ၃၈ ကျည်(၆)တောင့်၊ စုစုပေါင်း ခြောက်လုံးပြူး (၂)လက်၊ ကျည် (၁၂)တောင့် နှင့်စကားပြောစက်အသေး(၃)လုံး၊ မတပ်ဆင်ရသေးသည့် Drone ကိုယ်ထည်နှင့် ဆက်စပ်ပစ္စည်း(၁)စုံ တို့အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews