အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကိုအယ်လ်ဂျီးရီးယားနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြ

အောက်တိုဘာ ၂၁

       ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေး၏ လေ ကြောင်းတိုက်ခိုက်မှုများကို သောင်းနှင့်ချီသော အယ်လ်ဂျီးရီးယားနိုင်ငံသားများက အောက်တိုဘာ ၁၉ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

        မြို့တော် အယ်လ်ဂျီးရီစ်ဒ်တွင် လူအုပ်ကြီးသည် အာဇာနည်ရင်ပြင်သို့ ချီတက်ခဲ့ကြပြီး၎င်းချီတက်မှုကို နိုင်ငံပိုင် ENTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

တောင်းဆို

         ပါလက်စတိုင်းနှင့် အယ်လ်ဂျီးရီးယား အလံများကို ဝှေ့ယမ်းကာ ဆန္ဒပြသူများသည် ပါလက် စတိုင်းကိုလိုလားသော ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပြီး အသက်ဆုံးရှုံးခဲ့ရသူများအတွက် တရားမျှတမှုကို တောင်းဆိုကာ အရပ် သားများအပေါ် အစ္စရေး၏ အကြမ်းဖက်မှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။

         ဆန္ဒပြသူများသည် ပါလက်စတိုင်းနိုင်ငံ တောင်း ဆိုခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ရောက်လွတ်မြောက်ရေးအတွက် ၎င်းအရေးအားဖြေရှင်းရန် တောင်းဆိုခဲ့ကြသည်။ ဂါဇာကမ်းမြှောင်ဒေသအပေါ် ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရန်နှင့် ကမ္ဘာ့ခေါင်း ဆောင်များအား အစ္စရေးကို ဖိအားပေးရန် တောင်းဆိုခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်း နယ်စပ်ဖြတ်ကျော်ခွင့်ပြုရန်နှင့် ဂါဇာရှိပြည်သူများထံ အကူအညီနှင့် ဆေးဝါးများပေးပို့ရန် အရေးတကြီးလိုအပ်နေကြောင်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။

ပစ္စည်းများပြတ်တောက်နေ

         အခြား အယ်လ်ဂျီးရီးယားပြည်နယ်များ တွင်လည်း ချီတက်ပွဲများနှင့် ဆန္ဒပြပွဲများကို စီစဉ်ခဲ့ကြောင်း ENTV မှ သိရသည်။ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့သည် အောက်တိုဘာ ၇ ရက်ကဂါဇာကမ်းမြှောင်နှင့် ကပ်လျက်ရှိ အစ္စရေး စစ်ဘက်ဆိုင်ရာ ပစ်မှတ်များနှင့် မြို့များကို တိုက်ခိုက်ခဲ့ရာ အပြန် အလှန်အားဖြင့် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ကျယ်ကျယ်ပြန့်ပြန့်လေကြောင်းတိုက်ခိုက်မှုနှင့် ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်ခဲ့သဖြင့် ၎င်းဒေသတွင် လျှပ်စစ် ဓာတ်အား၊ လောင်စာဆီနှင့် အခြားလိုအပ်သော ပစ္စည်းများ ပြတ်တောက်နေ သည်။

       ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံတွင် လူ ၁၃၀၀ ခန့် သေဆုံးခဲ့သည်။ အပြန်အလှန်အားဖြင့် ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေး၏တိုက် ခိုက်မှုကြောင့် ပါလက်စတိုင်း နိုင်ငံသား ၃၄၇၈ ဦးအထိ သေဆုံးကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

#PAN