ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးကျေးဇူးများယူဆောင်ခဲ့ဟု ကမ္ဘောဒီးယား ပြောကြား

အောက်တိုဘာ ၂၁

       တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် များစွာသော အကျိုး ကျေးဇူးများ ယူဆောင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တို ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

       (၁၀) နှစ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမနှစ် ပတ် လည်နေ့နှင့် တွဲဖက်ကျင်းပသည့် တတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက် ရေးဖိုရမ်သို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်တက်ရောက်ပြီး ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

       ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးတိုးတက်မှု၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုနှင့် ပြည်သူအချင်းချင်းဖလှယ်မှုစသည့် အကျိုးကျေးဇူးများစွာဖြင့် ကမ္ဘောဒီး ယား အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများစွာကို ပံ့ပိုးပေးခဲ့ကြောင်း ကြေညာချက်အရသိရသည်။ ဖိုရမ်အတွင်း ဟွန်မာနက်က ဖိုရမ်အတွင်း ရေးဆွဲခဲ့သည့် အဓိကလုပ်ဆောင်မှု ရှစ်ခု ကို ပူးတွဲအကောင် အထည်ဖော်ရန် ကမ္ဘောဒီးယားနိုင်ငံက အပြည့်အဝထောက်ခံကြောင်းနှင့် အဆင်သင့်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

         ၎င်းဆောင်ရွက်ချက်များတွင် ဘက်ပေါင်းစုံမှ ရပ်ဝန်းနှင့် ပိုးလမ်းမဆက်သွယ်မှု ကွန်ရက် တည် ဆောက်ခြင်း၊ ပွင့်လင်းကမ္ဘာ့စီးပွားရေးကို ပံ့ပိုးပေးခြင်း၊ လက်တွေ့ကျသောပူးပေါင်းဆောင် ရွက်မှုများ ဆောင်ရွက်ခြင်း၊ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ မြှင့်တင်ခြင်း၊ ပြည်သူ အချင်းချင်းဖလှယ်ခြင်းကို ပံ့ပိုးပေးခြင်း၊ နိုင်ငံတကာရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်း ဆောင်ရွက်မှုအတွက် အဖွဲ့အစည်းဆိုင်ရာတည်ဆောက်မှုကို အားကောင်းစေခြင်းတို့ ပါဝင် သည်။ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒစ်ဂျစ်တယ်အခြေခံအဆောက် အအုံမြှင့်တင်ရေးအတွက် ရန်ပုံငွေတိုးမြှင့်ပေးရန် ဟွန်မာနက်က တောင်းဆိုထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

#PAN