မူဆယ်မြို့ လမ်းဘေးအမှိုက်ပုံတစ်ခုတွင် လက်ပြန်ကြိုးတုပ်ပြီး ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ ရုပ်အလောင်း ၃ လောင်း တွေ့ရှိ

အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကျင့်စန်ကျော့ လမ်းဘေးအမှိုက်ပုံတစ်ခုမှာ လက်ပြန်ကြိုးတုပ်ပြီး ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ ရုပ်အလောင်း ၃ လောင်းကို ဒီကနေ့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိိရပါသည်။

တွေ့ရှိရသည့် ရုပ်အလေးများမှာ အသက် ၃၀ နဲ့ ၅၀ ရွယ် အမျိုးသား ၂ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ သေဆုံးသူများမှာ အောက်တိုဘာ ၁၁ ရက်​​နေ့က ပျောက်ဆုံးနေသူများဖြစ်ကြောင်း တစ်ယောက်မှာ ပျောက်ဆုံးနေသေးကြောင်း သိရသည်။

ရုပ်အလောင်းများကို မူဆယ်မြို့က မြင့်မြတ်ပါရမီအသင်းနှင့် လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး မူဆယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း မူဆယ်မြို့နယ်သည် လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံ လှုပ်ရှားနေပြီး ပြန်ပေးဆွဲ၊ ငွေညှစ်မှုတွေ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

PAN