ဒေသခံပြည်သူများရဲ့ သတင်းပေးမှုကြောင့်အကြမ်းဖက်သောင်းကျန်းသူ KIA တပ်မဟာ (၉)မှ ဒုဆေးမှူးအဆင့်ရှိသူ နှင့်အတူ KIA တပ် သားသစ်အဖြစ် အဓမ္မစုဆောင်းခြင်းခံရသူများကို ဖမ်းဆီးရမိ

အောက်တိုဘာ ၂၁

       ဒေသခံပြည်သူများရဲ့ သတင်းပေးမှုကြောင့် ထီးချိုင့်မြို့နယ်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးကို လုံခြုံရေးတပ်ဖွဲ့က ရှောင်တခင်စစ် ဆေးရာ အကြမ်းဖက်သောင်းကျန်းသူ KIA တပ်မဟာ (၉)မှ ဒုဆေးမှူးအဆင့်ရှိသူ နှင့်အတူ KIA တပ် သားသစ်အဖြစ် အဓမ္မစုဆောင်းခြင်းခံရသူများကို အောက် တိုဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရပါ သည်။

      ကျန်းဆောင်(ခ)အတောင် ဆိုသူသည် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ KIA တပ်မဟာ(၉)တွင် ဒုဆေးမှူး / ကျန်းမာရေးမှူးအဖြစ် ယနေ့အထိ လုပ် ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရ KIA အကြမ်းဖက်သောင်းကျန်းသူများအား ဆေးကုသပေးခြင်း၊ လိုင်ဇာတွင် ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းများအတွက် လူသစ်စုဆောင်းပေးခြင်းများကို တာဝန်ယူလုပ် ဆောင်ခဲ့သူ ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိပါသည်။

       ၎င်းနှင့်​အတူ ဖမ်းဆီးရမိသူများသည် မိဘများကို ခြိမ်းခြောက်၍ အတင်းအဓမ္မစုဆောင်းခံရသူများဖြစ်ပြီး လိုင်ဇာသို့ပို့ရန် ဖားကန့်မှ မန္တလေးသို့ ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

       ဖမ်းဆီးရမိသူများမှာ ကျန်းဆောင်(ခ) အတောင် [KIA တမဟ(၉) ဒုဆေးမှူး]၊ နော်ဘန် (ဘ)ဦးလှရော်၊ မချမ်းဘော့မြို့၊ ဆွတ်ဖန်းအောင် (ဘ) ဦးအင်ခွမ်လာဂျား၊ မြစ်ကြီးနားမြို့၊ မစန်ထွယ်ရာ (ဘ) ဦးလှရော်၊ ကာမိုင်းမြို့၊ မခွန်းရီ (ဘ) ဦးအင်ခွန်နော်မိုင်၊ ဖားကန့်မြို့၊ မမိုင်းရာ (ဘ) ဦးခေါရိန်း၊ မိုင်းကောင်းမြို့၊ မလုလုဒင် (ဘ) ဦးမောင်ကြိုင်၊ ဖားကန့်မြို့၊ မနန်းခမ်းဝေ (ဘ) ဦးခါလီ၊ ဖားကန့်မြို့၊ မကိုင်နူး (ဘ) ဦးအွန်ဆောင်းနော်၊ ကသာမြို့ တို့ဖြစ်ကြပြီး အဆိုပါ လူသစ်စုဆောင်းခြင်းခံရသူများကို သက်ဆိုင်ရာမိဘများထံ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရပါသည်ါ

      ဒေသခံများ၏ သတင်းပေးမှုကြောင့်  KIA တပ်မ ဟာ(၉)တွင် ဒုဆေးမှူး/ကျန်းမာရေးမှူးဆိုသူ အကြမ်း ဖက်သမားကို ဖမ်းမိခဲ့ပြီးဖြစ်သလို KIA ၏ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းခံရသည့် လူငယ်များကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရပါသည်။

#PAN