ငါန်းဇွန်မြို့နယ်တွင် အငြိမ်းစားမူလတန်းကျောင်း အုပ်တစ်ဦးကို အကြမ်းဖက် PDF များက အကြောင်းမဲ့ သတ်ဖြတ်

အောက်တိုဘာ ၂၁

       မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအုပ်စု၊ညောင်ပင်ရိုးကျေးရွာတွင် အငြိမ်း စား မူလတန်းကျောင်းအုပ်တစ်ဦးကို အကြမ်းဖက် PDF များက ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ငါန်းဇွန်မြို့နယ်၊ ညောင်ပင်ရိုကျေး ရွာနေသူ အောင်ဆန်း၊၆၂ နှစ်၊(ဘ)ဦးတင်မြင့်၊ အငြိမ်းစား မူလတန်းကျောင်းအုပ်၏ နေအိမ်သို့ အမည်မသိ အကြမ်းဖက်သမား ၄ဦး ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ် သည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးအောင်ဆန်းတွင် ဦးခေါင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်းနှင့် သေဆုံးသူ ဦးအောင်ဆန်းသည် အငြိမ်းစား မူလတန်းကျောင်းအုပ်တစ်ဦးဖြစ်သည့်အပြင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံအား ပေးသူတစ်ဦးဖြစ်သောကြောင့် ဒလန်ဟူသောခေါင်း စဉ်ဖြင့် ယခုကဲ့သို့ သတ် ဖြတ်သွားခြင်းဖြစ် ကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။