ဂါဇာ အနောက်ဖက်ကမ်းဒေသရှိ ဒုက္ခသည်စခန်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၂ ဦးနှင့် အစ္စရေးအရာရှိတစ်ဦး သေဆုံး

အောက်တိုဘာ ၂၁

       ဂါဇာ အနောက်ဖက်ကမ်း (West Bank) ဒေသရှိ Tulkarm မြို့ အရှေ့ဘက် ဒုက္ခသည်စခန်းတစ်ခုတွင် အောက်တိုဘာ ၁၉ ရက်က တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်း ၁၂ ဦးနှင့် အစ္စရေးအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း သတင်း ရင်းမြစ်များက ပြောကြားခဲ့သည်။

       Nur Shams ဒုက္ခသည်စခန်း၌ “တိုက်ခိုက်မှု”

အတွင်း ပါလက်စတိုင်း ၁၂ ဦးသေဆုံးခဲ့ကြောင်း၊ ၎င်းတို့အနက် ၇ ဦးမှာ ယင်းမြို့ရှိ Tulkarm အစိုးရဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ချက်တွင် အတည်ပြုပြောခဲ့သည်။

       အဆိုပါတိုက်ခိုက်မှုသည် အစ္စရေးစစ်တပ်က
ဂါဇာ အနောက်ဖက်ကမ်း(West Bank) ရှိ ပါလက်စတိုင်းသံသယရှိသူများကို ဖမ်းဆီးရေး ကမ်ပိန်းဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ ပါလက်စတိုင်း လခြမ်းနီအသင်းက “ဒုက္ခ သည်စခန်းအတွင်းရှိ ဒဏ်ရာရသူတွေဆီ ဆေးရုံကားဝန်ထမ်းတွေ ရောက်ရှိနိုင်ဖို့ အစ္စရေးစစ်တပ်က တားဆီးထားခဲ့တယ်”လို့ ပြောခဲ့သည်။

      “အစ္စရေးစစ်တပ်က ဒရုန်းပစ်လွှတ်ဖောက်ခွဲခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေ အများကြီးပဲ” ဟု ဒေသခံ ပါလက်စတိုင်း သတင်းရင်းမြစ်များက ဆို သည်။ ဒုက္ခသည်စခန်း၌ တိုက်ခိုက်မှုများအတွင်း လက်လုပ်ဗုံး ပေါက်ကွဲ ခဲ့ပြီးနောက် အစ္စရေးရဲအရာရှိတစ်ဦးနဲ့ အခြားသူတွေ ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာက သတင်းဖော်ပြခဲ့သည်။

        ထိုစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၁၅၀ ကျော်ကို ပစ်မှတ်ထားဖမ်းဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်၌ ပြောကြားထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထား သည်။

#PAN