ကျောက်ကြီးမြို့နယ်တွင် တူဝရီး နှစ်ဦးကို အကြမ်းဖက်သမား KNUနှင့် PDF များက အကြောင်းမဲ့သတ်ဖြတ်ပြီး ဆိုင်ကယ်လုယူ

အောက်တိုဘာ ၂၁

       ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ကျောက် ကြီးမြို့နယ်၊ မအူပင်ဆိပ်အုပ်စု၊ လပါတ်ကျေးရွာနေ တူဝရီး နှစ်ဦးကို အကြမ်းဖက်သမား PDF များက ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခနတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ထွက် ပြေးသွားကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ကျောက်ကြီးမြို့နယ်၊လပါတ်ကျေးရွာ နေ မောင်စစ်သွေးကို ၊ ၁၇ နှစ်၊ (ဘ) ဦးဆန်းလွင်နှင့် ၎င်း၏ဦးလေးတော်စပ်သူ ဦးဝင်းရွှေ၊ ၆၆ နှစ်၊ (ဘ)ဦးစိန်မောင်တို့ နှစ်ဦးသည် ကျောက်ကြီးသို့ စျေးဝယ်ထွက်လာစဥ် ဒုံးတိုရွာ နှင့် လပါတ်ကျေးရွာကြား မရမ်းစိန်လေးလမ်းခွဲ အရောက်တွင် လူသတ်အကြမ်းဖက် KNU နှင့် PDF အင်အားစိစစ်ဆဲတို့က စိစစ်ဆဲလက် နက်များဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အဆိုပါ တူဝရီး စီးလားသည့် ဆိုင်ကယ်ကို လုယက်စီးနင်းထွက် ပြေးသွားကြောင်း သိရသည်။

      သေဆုံးသူ တူဝရီး နှစ်ဦးမှာ သာမန်ပြည်သူများဖြစ်ကြပြီး ၎င်းတို့ကို အကြမ်းဖက်သမားများက ၎င်းတို့၏ ဆိုင်ကယ်ကို လုယူလိုသောရည်ရွယ်ချက်ကြောင့် ယခုလို သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။

       ၎င်း အကြမ်းဖက်သမားများထွက်ပြေးရာ နောက် သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းရာ နှစ်ဘက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း သတင်းရရှိသည်။