ကိုရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲ Special EPS-Topik ဝင်ရောက်ဖြေဆိုအောင် မြင်သူ ၁,၅၀၀ နီးပါးထိရှိကြောင်း ထုတ်ပြန်

အောက်တိုဘာ ၂၁

       ကိုရီးယားဘာသာအရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲ Special EPS-Topik ကို ဝင်ရောက်ဖြေဆိုသူများထဲမှ စာမေးပွဲအောင်မြင်သူအရေအတွက် ၁,၅၀၀ နီးပါးအထိရှိကြောင်း အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ POEA က စာရင်းထုတ်ပြန်ထားပါသည်။

       Special EPS-Topik စာမေးပွဲကို အောက် တိုဘာလဆန်း ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်း ပခဲ့ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁,၆၉၇ ဦးရှိသည့်အနက် ၁,၄၉၅ ဦး အောင်မြင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

       Special EPS-Topik စာမေးပွဲသည် တောင်ကိုရီးယားနိုင်ငံတွင် သုံးနှစ်နှင့်အထက် လုပ်ကိုင်ခဲ့ပြီး မြန်မာ နိုင်ငံကို ပြန်ရောက်နေသည့် အလုပ် သမားဟောင်းများအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကာ ယအခုစာမေးပွဲ အောင်မြင်သူများအတွက် အလုပ်လျှောက် လွှာထုတ်ပေး၊ လက်ခံခြင်း ဆောက်ရွက်မည့် အစီ အစဉ်ကို ဆက်လက်ကြေညာပေးမည်ဖြစ်ကြောင်း POEA က အသိ ပေးထားပါသည်။

       လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးရောက်ရှိနေပြီး အလုပ် လုပ် ကိုင်နေ ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အလုပ် သမားစေလွှတ်မှုစာရင်းများအရ သိရပါသည်။

#PAN