ညောင်ဦးမြို့၊အမှတ်(၁)ရပ်ကွက်၊သီရိမင်္ဂလာရပ်တွင် နေအိမ် မီးဖိုမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

အောက်တိုဘာ ၂၁

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊အမှတ်(၁)ရပ်ကွက်၊သီရိမင်္ဂလာရပ်တွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

       မီးလောင်မှုမှာ အမှတ်(၁)ရပ်ကွက်၊သီရိမင်္ဂ လာရပ်နေ ဦးမောင်ဆွေ(ခ)ဦးကျော်ဆွေ၊၆၅နှစ်၊(ဘ)ဦးချစ်ထွန်းနေအိမ် မီးဖိုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဦးမောင်ဆွေ၏ ၃×၂ခန်း၊သွပ်မိုး၊ထရံကာ၊၂ထပ် နေအိမ် ၁လုံး၊ဒေါ်မြမြလေး၊၅၉နှစ်၊(ဘ)ဦးဖက်၏ ၄×၂ခန်း၊သွပ်မိုး၊ထရံကာ၊၂ထပ်နေအိမ် ၁လုံး၊ဒေါ်ဝင်းဝင်းခိုင်၊၅၆နှစ်၊(ဘ)ဦးချစ်ထွန်း၏ ၄×၂ခန်း၊သွပ်မိုး၊ထရံကာ၊၂ထပ်နေအိမ်၊၁လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စုစုပေါင်းဆုံးရှုံမှုတန်ဘိုးမှာ ကျပ်သိန်း ၃၀ခန့် ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN