အရှေ့အလယ်ပိုင်းတစ်ခွင် ဆန္ဒပြမှုများကြားမှ အစ္စရေးကို စစ်ရေးအထောက်အပံ့ပေးမည်ဟု အမေရိကန် ကတိပြု

အောက်တိုဘာ ၂၀

       အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်တို့ အစ္စရေး၌ အောက်တိုဘာလ ၁၈ ရက်က တွေ့ ဆုံခဲ့ပြီး ဂါဇာဒေသတွင် ဟားမက်စ်နှင့်လည်း ကောင်း၊ လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာနှင့်လည်းကောင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း အမေရိကန်က စစ်ရေးအကူ အညီ ပေးအပ်ရန် သဘောတူခဲ့ကြသည်။

       အောက်တိုဘာလ ၁၇ ရက်က အယ်လ်အလီ အာရေဗီ (Al-Ahli Arabi) ခရစ်ယာန်ဆေးရုံ ပေါက်ကွဲမှုသည် “အခြားအဖွဲ့” ကြောင့်ဖြစ် ကြောင်း၊ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း ပင်တဂွန် ထောက်လှမ်း ရေးအဖွဲ့က ဖော်ပြထားပြီး ဟားမက်စ်အဖွဲ့ကလည်း လူ ၄၇၁ ဦးထက်မနည်း သေဆုံးခဲ့သော ဆေးရုံ ပေါက်ကွဲမှု မှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း အပြန် အလှန် စွပ်စွဲပြောကြားခဲ့သည်။

       အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေး ဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီ (Daniel Hagari) က သတင်းစာရှင်းလင်းပွဲတွင် ဟားမက်စ်တို့ ဒုံး ကျည်ပစ်ခတ်မှုမအောင်မြင်ခြင်းကြောင့် ဆေးရုံတိုက်ခိုက်ခံခဲ့ရခြင်း နှင့်ပတ်သက်၍ ဟားမက်စ်အဖွဲ့ဝင်နှစ်ဦးကြား ဆွေးနွေးထားသော ကြားဖြတ်သတင်းပေးပို့ချက်များကို အစ္စရေး က ထုတ်ပြန်ခဲ့သည်။ အဆိုပါအသံဖိုင်ကို ဖော်ပြခဲ့ပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ အစ္စရေးတာ ဝန်ရှိသည်ဆိုသည့် စွပ်စွဲချက်ကို ငြင်းဆိုခဲ့ကာ Palestinian Islamic Jihad (PIJ) ၏ ဒုံးကျည်ပစ်ခတ်မှု မအောင်မြင်ရခြင်းကြောင့် တိုက်ခိုက်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

        အဆိုပါအသံဖိုင်တွင် လူပုဂ္ဂိုလ်နှစ်ဦးက အာရေဗီဘာသာစကားဖြင့် တယ်လီဖုန်းပြောဆိုခြင်းဖြစ်ပြီးထိုသို့ ပြောဆိုရာတွင် ဂါဇာဒေသရှိ လက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော PIJ ၏ ဒုံးကျည်ပစ်ခတ်မှု မအောင် မြင် ရခြင်း ကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့်အကြောင်းကို လူပုဂ္ဂိုလ်တစ်ဦးက အခြားသူတစ်ဦးအား အသိပေးထား သည့် အသံဖိုင်ဖြစ်ကြောင်း သိရသည်။

        ဟာဂါရီ၏အဆိုအရ မီးလောင်လွယ်သော တွန်း ကန်ပစ္စည်းများ တင်ဆောင်ထားပြီး ပစ်ခတ်မှု မအောင် မြင်ခဲ့သော ဒုံးကျည်ကို ဆေးရုံအနီးမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး အောက်တို ဘာလ ၇ ရက်တွင် အစ္စရေး-ဟားမက်စ်စစ်ပွဲ စတင်ချိန်မှစ၍ ဂါဇာရှိ စစ်သွေးကြွများက မအောင်မြင်ခဲ့သော ဒုံးကျည်ပစ် ခတ်မှုအကြိမ် ၄၅၀ ပြုလုပ်ခဲ့သည်ဟု ဟာဂါရီ က ပြောခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထား သည်။

#PAN