ဂါဇာကမ်းမြောင်ဒေသ တိုက်ပွဲများအတွင်း သတင်းထောက် ၁၉ ဦးထက်မနည်း သေဆုံး

အောက်တိုဘာ ၂၀

         အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း လက်ရှိအချိန်အထိ သေဆုံးခဲ့သည့် သတင်း ထောက်ပေါင်း ၁၉ ဦးထက်မနည်းရှိကြောင်း နယူးယောက်အခြေစိုက် သတင်း ထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ပြောကြားသည်။

         သေဆုံးခဲ့သည့် သတင်းထောက်များအနက် ပါလက်စတိုင်း ၁၅ ဦး၊ အစ္စရေး သုံးဦး၊ လက်ဘနွန်နိုင်ငံသား တစ်ဦးဖြစ်သည်ဟု အဆိုပါကော်မတီက ဆိုသည်။

        ထို့ပြင် သတင်းထောက် ရှစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်းနှင့် သုံးဦးပျောက်ဆုံး သို့မဟုတ် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

         အခြားသတင်းထောက်များ အသတ်ခံရ ခြင်း၊ ပျောက်ဆုံးခြင်း၊ ထိန်းသိမ်းခံရခြင်း၊ ဒဏ် ရာရခြင်း သို့မဟုတ် ခြိမ်းခြောက်ခံရခြင်း စသည့် အတည်မပြုနိုင်သော အစီရင်ခံစာများစွာကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု အဆိုပါ ကော်မတီကဆိုသည်။

       သတင်းထောက်များသည် စစ်ပွဲများအတွင်း ခက် ခဲပင်ပန်းစွာဖြင့် သက်စွန့်ဆံဖျား သတင်းရယူလျက်ရှိသည့်အတွက် ၎င်းတို့ကို ပစ်မှတ်မထားသင့်ကြောင်း ဆက်လက်ပြောကြားသည်။

#PAN