ACL ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူသွားရတော့မယ့် နေမာ

အောက်တိုဘာ ၁၉

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာ ဂျုနီယာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်(၄)အဖြစ် ဥရုဂွေးအသင်းနဲ့ အဝေးကွင်းတွင်သွားရောက်ရင်ဆိုင်ခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့သည်။ ဘရာဇီးလ်အသင်းအတွက် (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်ပြီး (၁)မှတ်သာရယူနိုင်ခဲ့သည်။

နေမာသည် အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းနားကျင်အချိန်ပိုတွင် ရရှိခဲ့သည့် ACL ဒဏ်ရာကြောင့် ကာလရှည်အနားယူရမည်ဖြစ်ပြီး ခန့်မှန်းခြေ (၉)လဝန်းကျင် ကြာမြှင့်ဖွယ်ရှိနေဟု မိခင်ကလပ် အယ်လ်အာလီက ထုတ်ပြန်ထားသည်။

အသက်(၃၁)နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီကစားသမားဘ၀တွင်လည်း မကြာခဏဒဏ်ရာရရှိလေ့ရှိသူတစ်ဦးဖြစ်သည်။