၁၆ ဦးရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ မြန်မာကြက်တောင်မယ် သက်ထားသူဇာ

အောက်တိုဘာ ၁၉

      ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိတဲ့ ဒူဘိုင်းမာစတာ ကြက်တောင်ပြိုင်ပွဲ ၃၂ ဦး ရှုံးထွက်အဆင့်ပွဲစဉ်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာ နှင့် အိမ်ရှင်ယူအေအီး ကြက်တောင်မယ် ဂူရက်ဗ် တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သက်ထားသူဇာ က နှစ်ပွဲပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

       အဆိုပါပွဲစဉ်မှာ သက်ထားသူဇာက အိမ်ရှင်ယူအေအီးကြက်တောင်မယ် ဂူရက်ဗ် ကို လက်ရည်အသာစီးနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး ရမှတ် (၂၁:၁၄၊၂၁:၁၁) နှစ်ပွဲပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိကမ္ဘာ့အဆင့် ၄၅ သက်ထားသူဇာ ဟာ ဒူဘိုင်းမာစတာကြက်တောင်ပြိုင်ပွဲမှာ ပြိုင်ပွဲအဆင့်သတ်မှတ်ချက်အရ ၃၂ ဦးရှုံးထွက်အဆင့်ကနေ စတင်ကစား ခဲ့ရတာ ဖြစ်ပါတယ်။

#PAN