အမျိုးသမီးများကို အခကြေးငွေရယူ၍ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့သူများအား ပြည်ပအလုပ် အကိုင်ဆိုင်ရာဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် ချမှတ်

အောက်တိုဘာ ၁၉

      အမျိုးသမီးများကို အခကြေးငွေရယူ၍ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့သူများအား ပြည်ပအလုပ် အကိုင်ဆိုင် ရာဥပဒေဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

      ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နေ မေဖုန်း(ခ)ကေသီမြင့်နှင့် ရန် ကင်းမြို့ နယ်နေ မေသဇင်(ခ)ဇင်ငယ်တို့က ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ် ရှစ်သိန်းမှ ၁၀ သိန်းအထိ ရရှိမည်ဟု ပြော ဆိုစည်းရုံးပြီး အခကြေးငွေရယူ၍ မကွေးတိုင်းဒေသကြီး အောင်လံမြို့နေ မ —၊ ၂၀/၂၂ နှစ်ပါ လေးဦးတို့အား ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့သဖြင့် အောင်လံမြို့မရဲစခန်းက (ပ) ၁၀၁/၂၀၂၂၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့်လည်း ကောင်း၊ လိပ်စာတူ ဒေါ်—၊၃၆/၂၂ နှစ်အား ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့သဖြင့် အောင်လံမြို့မရဲစခန်းက (ပ)၁၁၆/၂၀၂၂၊ ပြည်ပအလုပ်အကိုင်
ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့်လည်းကောင်း အမှုရေးဖွင့်ခဲ့ပြီး အောင်လံမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ အောက်တိုဘာ ၁၇ ရက်တွင် မေဖုန်း (ခ)ကေသီမြင့်နှင့် မေသဇင်(ခ)ဇင်ငယ်တို့ကို ပြည်ပအလုပ်အကိုင်ဆိုင် ရာဥပဒေပုဒ်မ ၂၆ အရ အမှုတစ်မှုလျှင် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

#PAN