လောင်းကစားမှု့ကြောင့် ၁နှစ်အထိ ပွဲပယ်ခံရတော့မယ့် တိုနာလီ

အောက်တိုဘာ ၁၉

အီတလီလက်ရွေးစင်အသင်းနှင့် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနာလီသည် အောက်တိုဘာ (၁၀)ရက်တွင် တရားမဝင်လောင်းကစားပြုလုပ်သည်ဆိုသော သံသယဖြင့် အီတလီအာဏာပိုင်များ၏ စစ်ဆေးခြင်းကိုခံခဲ့ရသဖြင့် အီတလီအသင်း လူစာရင်းမှ ပြန်လွှတ်ခံခဲ့ရသည်။

အသက် (၂၃)နှစ်အရွယ်ရှိ တိုနာလီသည် ပွဲကစားခွင့် (၁) နှစ်နီးပါးခန့် ပိတ်ပင်ခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါသည်။ ကစားသမားရဲ့ အီတလီ အသင်းဖော် Nicolo Fagioli ကတော့ ပွဲပယ်ပြစ်ဒဏ် (၇) လ ကျခံနေရပြီဖြစ်သည်။ တိုနာလီသည် စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်း ပြောကြားထားသည်။