ယူကရိန်း မောင်းသူမဲ့လေယာဉ် ၂၈ စင်းကို ရုရှားကြားဖြတ်တိုက်ခိုက်ခဲ့

အောက်တိုဘာ ၁၉

      ရုရှားတပ်များသည် ယူကရိန်းမောင်းသူမဲ့လေ ယာဉ် ၂၈ စင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၈ ရက်ကထုတ်ပြန်သည်။ ယူကရိန်းတပ်ဖွဲ့များသည်မောင်းသူမဲ့ လေယာဉ်များကို အသုံးပြု၍ ရုရှားပိုင်နက်နယ်မြေများဖြစ်သည့် ဘယ်ဂိုရော့နှင့်ကာ့ခ်စ်အတွင်းရှိ အဆောက် အအုံ များအား တိုက်ခိုက်ရန် အောက်တို ဘာလ ၁၇ ရက် ညပိုင်းက ကြိုးပမ်းခဲ့သော်လည်း ရုရှားတပ်များက ပင်လယ် နက် ရေပြင်အထက်၌ ကြားဖြတ်တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

        ယူကရိန်းနိုင်ငံသည် မကြာသေးမီကပင်မောင်းသူမဲ့လေယာဉ် (ဒရုန်း) များကို အသုံးပြု၍ စစ်ဆင်နွှဲလာ ပြီး အထူးသဖြင့် ရုရှားနိုင်ငံ၏ မြို့ကြီးများကို အဓိကပစ်မှတ်ထားတိုက်ခိုက်လာခြင်း ဖြစ်သည်။ သို့သော် ရုရှား နိုင်ငံ၏ အီလက်ထရောနစ် စစ်ဆင်ရေးစနစ်များသည် ယူကရိန်းမောင်းသူမဲ့လေယာဉ်များအား ကြားဖြတ် တား ဆီးနိုင်စွမ်းရှိကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။