ဖားကန့်မြို့နယ်တွင် သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်မှ မြေဇာပြိုကျရာ ရေမဆေး ကျောက်ရှာနေသူများ မြေဇာပိ၍ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု၊ ဆန်ခါကျေးရွာ အနောက်မြောက်ထောင့် ၎င်းကျေးရွာအနီး တောက်ပကြယ်မြေဇာပုံဟောင်း နေရာတွင် ယခုကာလ လုပ်ကွက်သက် တမ်းကုန်ဆုံးချိန် အကြမ်းဖက်သောင်းကျန်းသူ  KIA / PDF တို့ထံ အခွန်ဆောင်၍ ကျောက်စိမ်းလုပ်ကွက် တူးဖော်လျှက်ရှိရာ ရတနာရောင်ခြည် လုပ်ကွက်မှ မြေဇာပျစ်နေသည့်အချိန် ယနေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် မြေဇာပုံပြိုကျခဲ့ကြောင်း သိရပါသည်။

      ထိုသို့ မြေဇာပုံပြိုကျမှုကြောင့် ဒေသအခေါ် ရေမဆေး ကျောက်ရှာနေသူများအပေါ် မြေဇာပိကျခဲ့ရာ မောင်လှကျော်ဆန်း၊ ၁၈ နှစ်၊(ဘ) ဦးမောင်တင်နု၊ ဆန်ခါကျေးရွာနေသူမှာ  သေဆုံးခဲ့ပြီး စိစစ်ဆဲ အမျိုး သားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ  နှစ်ဦးကို ဆန်ခါကျေးရွာ မြင့်မြတ်သူ နာရေးကူညီမှု အသင်းမှ မိုင်ဆေး ပုဂ္ဂလိက ဆေးရုံသို့ပိုဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN