ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၉၉ / ၂၀၂၃
၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက်
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်)
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးသန်းထွန်းအောင် အား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း သိရှိရပါသည်။