တရားမဝင် သစ်မျိုးစုံ၊ ပရိဘောဂပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၉

      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၇ ရက်က မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးစီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က အထူးအဖွဲ့၏တာဝန်ကျ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ် – မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၁ မိုင် ၆ ဖာလုံ၌ မန္တလေးမြို့သို့ မူဆယ်မြို့မှ မောင်း နှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေ ညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Cat Litter (ကြောင်သဲ) ၁၅၆၀ ကီလိုဂရမ်၊ Auto Transfer Switch လေးခု၊ Stanford Diesel
Generator တစ်စုံအပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၂၉၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tuckတစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၂၉၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ အောက်တိုဘာ ၁၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယင်းမာပင်မြို့နယ်အတွင်း၌ တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၁၆ တန်၊ ကျွန်းခုတင် (အကြမ်း) လေးလုံးနှင့် ကျွန်းဆက်တီ (အကြမ်း) နှစ်လုံး (စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေ ၁,၀၂၆,၂၀၄ ကျပ်)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       အလားတူ အောက်တိုဘာ ၁၇ ရက်က ရှမ်းပြည် နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ မင်္ဂလာမူဆယ်အနီးရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Ceramic Tile ၃၀၅၆ ချပ် အပါအဝင် ကုန်ပစ္စည်း ကိုးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၆၈၆,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။

        ထို့ပြင် အောက်တိုဘာ ၁၇ ရက်က ကရင်ပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကြာဆံအပြာ ထုပ် ၉၀၀၀အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်တစ်စီး Toyota Succeed(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။

        အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပဲခူး တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသည့် Innoplus Low Density Polyethylene ကီလိုဂရမ် ၅၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀)၊ အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) နှင့် ညောင်ခါးရှည် X-Ray စက်၌ မြဝတီမြို့မှပုသိမ်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိ သည့် ဟင်းသီးဟင်းရွက်ဆီ ၆၀၀ လီတာ၊ Honda Wave Alpha ဆိုင်ကယ်နှစ်စီး အပါ အဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၂၃၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Asia Star Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်၂၀,၀၀၀,၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ် နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၅၇၅ တန်(ခန့်မှန်းတန်ဖိုးငွေ ၁,၁၄၂,၇၂၄ ကျပ်) သစ်တောဥပဒေအရကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၆၅,၈၇၂,၇၂၄ ကျပ် ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိ သည်။

        သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေ ၂၃၃,၈၇၆,၉၂၈ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN