စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် ဒေသခံ ​ပြည်သူများ၏လျှိုဝှက်သတင်း​​ပေးပို့မှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရာ အကြမ်းဖက် PDF များကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

အောက်တိုဘာ ၁၉

      စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ကျော်ဇေယျာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ လျှိုဝှက်သတင်း​​ ပေးပို့မှုအရ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဥ် ယမန့်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်များဖြင့် မောင်းနှင်လာသည့် အကြမ်းဖက် PDf များကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

       ထိုသို့ ပစ်ခတ်ဖမ်းဆီးရာမှ အကြမ်းဖက် PDF ၂ ဦးကို ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၂ တောင့်၊ ၅.၅၆ မမကျည် ၇၃ တောင့်၊ အိုင်ကွန် ၂ လုံး၊ ဆိုင်ကယ် ၁ စီးတို့အားသိမ်းဆည်းရရှိကြောင်း သိရသည်။

        အလားတူ ဝက်လက်မြို့နယ်၊ အင်းဘဲကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် အကြမ်း ဖက် PDF များရောက်ရှိနေကြောင်း ဒေသခံပြည်သူများက လျှို့ဝှက်ဖုန်းဆက် သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင်  သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF ၂ ဦးကို လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊အမ်-၂၂ ကျည် ၅၄ တောင့်၊ အမ်-၂၂ ကျည်အိမ် ၂ ခု၊ အီကွေးမင့် ၁ ခု၊ အိုင်ကွန် ၁ လုံး၊ ပြောက် ကျား ဦးထုပ် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

     အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ အကြမ်း ဖက်လုပ်ရပ်များကို ပြည်သူလူထုများက မလိုလားမနှစ်သက်ကြဘဲ ယခင်က ကဲ့သို အေး ချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်လိုကြသဖြင့် အကြမ်းဖက် PDF များ၏ လှုပ်ရှားမှု သတင်များကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်လာကြကြောင်း သိရသည်။

#PAN