ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတိုက်ခိုက်မှုအတွင်း လူ ၅၀၀ ထက်မနည်းသေဆုံး

အောက်တိုဘာ ၁၉

      ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာ ၁၇ ရက်နေ့ တိုက်ခိုက်မှုအတွင်း သေ ဆုံးသူအားလုံးမှာ အရပ်သားပြည်သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

      လက်ရှိအချိန်အထိ သေဆုံးသူ အရေအတွက်မှာ ၅၀၀ ထက်မနည်းရှိပြီ ဖြစ်သည်။ အစ္စရေးနှင့် ပါလက်စတိုင်းအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာတွင် ယခင်က ဆေးရုံကို ပစ်မှတ်ထားတိုက် ခိုက်ခဲ့ခြင်း မရှိခဲ့သည့်အတွက် အခြားဆေးရုံများ အလားတူ တိုက် ခိုက်ခံရမည်ကို စိုးရိမ်ကြောင်း ၎င်းတာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။

       အောက်တိုဘာ ၁၇ ရက်က ဂါဇာကမ်းမြောင် အလယ်ပိုင်းခရိုင်များမှာ ပြင်းထန်သည့် ဗုံးပေါက် ကွဲမှု အများအပြားဖြစ်ပွားခဲ့ပြီး ဒေသတွင်းရှိ ဆေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း အာရပ် မီဒီယာများကပြောကြားသည်။

       Al Hadath ရုပ်မြင်သံကြားဌာနက ပေါက်ကွဲမှုများသည် အစ္စရေးလေတပ်မှ ပြုလုပ်သည့် လေ ကြောင်းတိုက်ခိုက်မှုဟု သတ်မှတ်ခဲ့သည်။ ဂါဇာကမ်းမြောင်ရှိ ဆေးရုံသို့ ဒုံးကျည်ပစ်လွှတ်မှုတွင် ဟားမတ်စ်အဖွဲ့တာဝန်ရှိသည်ဟု အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။

       ၎င်းတိုက်ခိုက်မှုအား တရုတ်နိုင်ငံက ရှုတ်ချကြောင်းနှင့် အပစ်အခတ်ရပ်စဲရေးနှင့် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးအတွက် တောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

#PAN