ကျိုက်မရောမြို့နယ်တွင် နေအိမ်စျေးရောင်သူ သာမန်ပြည်သူ တစ်ဦး နေအိမ်စျေးဆိုင်အတွင်း သတ်ဖြတ်ခံရ

အောက်တိုဘာ ၁၉

      မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ-မုဒုံသွား ကားလမ်းဘေး၊ ဖက်တေးကုန်းရွာနေ နေအိမ်ဈေးဆိုင် စျေးရောင်းသူ တစ်ဦးကို အကြမ်းဖက် PDF များက ယမန်နေ ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရပါသည်။

        ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၄ နာရီ ၂၀ အိနစ်အချိန်ခန့်တွင် အဆိုပါ ဖက်တေးကုန်းရွာ၌နေထိုင်သူ မောင်မောင်၊ (ဘ)ဦးမြင့်နိုင်၊နေအိမ်ကုန်စုံဆိုင်စျေးရောင်းသူသည် နေအိမ်ဈေးဆိုင်တွင် ရှိနေစဉ်  မရမ်းကုန်းကျေး ရွာဘက်မှ ဖက်တေးကုန်း ကျေးရွာဘက်သို့ အမည်မသိအကြမ်းဖက်သောင်းကျန်းသူ PDF ၂ ဦးက ဆိုင်ကယ်အမှတ် (အမျိုး အစား/အရောင်)စိစစ်ဆဲဖြင့် မောင်းနှင်လာပြီး ပစ္စတိုသေနတ်ဖြင့် ၂ ချက်ပစ်ခတ်သတ် ဖြတ်သွားခြင်း ဖြစ်သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မီုကြောင့် မောင်မောင် ၏ ရင်ညွှန့်နှင့် ဝမ်းဗိုက်တို့တွင် သေနတ် ထိမှန်ပြီး ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် အလောင်းအား ချောင်းနှစ်ခွတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ထားရှိကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ မောင်မောင် ကို မည်သည့်အကြောင်းကြောင့် အကြမ်းဖက်များက ယခုလို သတ်ဖြတ်ရသည်ကို အတိအကျမသိရသေးသော်လည်း ပုဂ္ဂိုလ်ရေး မကျေနပ်မှုများကြောင့် သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။

#PAN