၅၀၀ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင် ရွက်လျက်ရှိ

အောက်တိုဘာ ၁၈

       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ် ဓာတ် အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့တည် ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်သော လျှပ်စစ် ဓာတ်အားများကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၉ အနီးရှိ လျှပ်စစ် ဓာတ်ကို ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းကို အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

       ဆောင်ရွက်လျက်ရှိသော ၅၀၀ ကေဗွီဘုရားကြီးဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင်ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဓာတ်အားခွဲရုံစီမံကိန်းများမှ တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းစီမံကိန်းပြီးစီးသွားသည်နှင့် နိုင်ငံမြောက်ပိုင်းမှာ တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထုတ် လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံ၏ တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်ဆောင် ရွက်နိုင်မည်ဖြစ်ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးမည်ဖြစ် ကြောင်း သိရပါသည်။

#PAN