ဥရုဂွေးနဲ့ပွဲရဲ့ ပထမပိုင်းမှာတင် ဒူးဒဏ်ရာ ရသွားခဲ့တဲ့ နေမာ

အောက်တိုဘာ ၁၈
ဘရာဇီးက ဥရုဂွေးအသင်းကို ၂-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမပိုင်းမှာ ရသွားခဲ့တဲ့ဒဏ်ရာကြောင့် တိုက်စစ်မှူး နေမာဟာ မြက်ခင်းစိမ်းကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ရပြန်ပြီဖြစ်သည်။

နေမာသည် ပထမပိုင်းပြီးဆုံးခါနီး၌ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၄၅+၄’) တွင် အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် ရစ်ချာလီဆန်နှင့် လူစားလဲခဲ့ရသည်။

နေမာသည် ကစားသမားဘဝတစ်လျှောက် မကြာခဏဆိုသလို ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသူဖြစ်ပြီး ယခုဒဏ်ရာအခြေအနေပြင်းထန်ခဲ့ပါက ၎င်း၏ကစားသမားဘဝအတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်။