အင်ဒိုနီးရှားနိုင်ငံ မီးရထားတစ်စင်းလမ်းချော်မှုဖြစ်ပွားရာ ၃၂ ဦးဒဏ်ရာရရှိခဲ့

အောက်တိုဘာ ၁၈

        အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာအထူးဒေသကြီးတွင် အောက်တိုဘာလ ၁၇ ရက်က မီးရထားတစ်စင်း လမ်းချော် မှု ဖြစ်ပွားရာ အနည်းဆုံးလူ ၃၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

        Argo Semeru မီးရထားသည် အခြားမီးရ ထား တစ်စင်းနှင့် တိုက်မိပြီးနောက် ကူလွန်ပရိုဂို အေဂျင်စီ ဒေသတွင် လမ်းချော်ခဲ့ခြင်း ဖြစ်သည်။ ယင်းမတော်တဆမှုသည် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ အက်စနာဝီဆူရိုဆိုက ပြောကြားသည်။ ဒဏ်ရာရရှိသူများကို တာဝန်ရှိသူများက နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN