လသာမြို့နယ် ၊(၁၉)လမ်းနှင့်အ‌နော်ရထာလမ်း‌ထောင့်ရှိ ညအိပ်ရပ်နားထားသော Bongo အမျိုးအစားကားတစ်စီးမီးလောင်မှုဖြစ်ပွာ


အောက်တိုဘာ ၁၈

ယနေ့နံနက် ၆နာရီ ၁၃မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊(၁၉)လမ်းနှင့်အ‌နော်ရထာလမ်း‌ထောင့်ရှိ ညအိပ်ရပ်နားထားသော Bongo
အမျိုးအစားကားတစ်စီးမီးလောင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဦးနေမျိုးလွင် ပိုင်ဆိုင်သော Bongo Box Car သည် ညအိပ်ရပ်နားထားစဥ် ဝါယာကြိုး ပေါက်ပြီးရှော့ဖြစ်၍ လောင်ကျွမ်းခဲ့ရာ ခေါင်းခန်းရှိ ကားကူရှင်အနည်းငယ်နှင့် ဝါယာကြိုးများလောင်ကျွမ်းခဲ့ကြောင်း၊ အဆိုပါ မီးလောင်နေရာသို့ နယ်မြေခံမီးသတ်ယာဉ်(၂)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ယင်းနေ့ နံနက်၆နာရီ၁၉မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

#PAN

Please join us our “PAN”Telegram

https://t.me/positiveanglenews