ရွှေကူမြို့ နယ်၊ ငါးဘတ်ကြီးကျေးရွာရှိ တပ်မ တော် စခန်းတစ်ခုကို အကြမ်းဖက်သောင်းကျန်း သူ KIA- PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်

အောက်တိုဘာ ၁၈

       ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ နယ်၊ ငါးဘတ်ကြီးကျေးရွာရှိ တပ်မတော်၏ ဖိုင်ဘာကေဘယ်ဆက်သွယ်ရေးတပ်စခန်း ကို ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KIA- PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊  တပ်မတော်လုံခြုံရေးတပ်စခန်းမှ စနစ်တကျ ခံစစ်ဆင် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

     ” မနက် ၅ နာရီ လောက်က စပြီး ပစ်ခတ်တိုက်ခိုက်တာ မနက် ၉ နာရီအချိန်ထိ လက်နက် ကြီး၊ လက်နက် ငယ်သံတွေ ရွှေကူမြို့ပေါ်ကအဆက်မပြတ်ကြားနေရတယ်၊ တပ်မတော်စခန်းကိုတော့ မသိမ်းနိုင်ပါဘူး” ဟု ရွှေကူမြို့ခံ တစ်ဦးက PAN သို့ ပြောပြလာသည်။

          ထိခိုက်ပျက်စီဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရသေးကြောင်း၊ ငါးဘတ်ကြီးကျေးရွာမှ ရွာသူ/သားများမြို့ ပေါ်ရပ်ကွက်များသို့  စစ်ဘေးရှောင်တိမ်းခဲ့က ကြောင်း အဆိုပါ မြို့ခံမှ ဆက် လက်ပြောပြလာသည်။

         အကြမ်းဖက်သောင်းကျန်းသူ KIA/ PDF ပူးပေါင်းအဖွဲ့များသည် စီးသာကျေးရွာ/ မံဝိန်းကျေးရွာဘက်သို့  ဆုတ်ခွါထွက်ပြေးသွားကြောင်းသိရပါသည်။

#PAN