ရေးမြို့တွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး လ္ဘက်ရည်သောက်နေစဥ် အကြမ်းဖက်သမား PDF က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

အောက်တိုဘာ ၁၈

       မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ် ကွက်၊ ကမ်းနားလမ်းရှိ “ဖူး” လ္ဘက်ရည်ဆိုင်တွင် အကြမ်းဖက်သမား PDF တစ်ဦးက အမျိုး သား တစ်ဦးကို ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်။

       ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်နိုင်လင်း၊ ၄၈ နှစ်၊ (ဘ)ဦးဆန်းအေး၊ အဏ္ဏဝါရပ်ကွက်၊ ရေးမြို့နေသူသည် ရေးမြို့၊ ကလော့ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ မျှင်တောင်ဘုန်းတော်ကြီးကျောင်းမှ ဉ္ဇင်း ဥုးသုနန္ဒ၊ ၆၆ နှစ်၊ ဝါတော် (၁၂)ဝါ၊ (ဘ) ဦးတင်ဖေ နှင့်အတူ အဆို ပါဆိုင်တွင် လ္ဘက်ရည်ထိုင်သောက်နေစဉ် ဆိုင်အတွင်းရောက်ရှိနေသော အသက် ၂၅ နှစ်ခန့် ဂျာကင်အမဲရောင်ဝတ်ဆင်ထားသော အကြမ်း ဖက်သမား PDF (စိစစ်ဆဲ)က ဦးဇော်နိုင်လင်းအား သေနတ်အတိုဖြင့် ၄ ချက်ခန့်ပစ်ခတ်ခဲ့ပြီး WAVE 125 ဖြူ/နက်ရောင်ဆိုင်ကယ်ဖြင့် ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်းအတိုင်း အစင်ကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရပါသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးဇော်နိုင်လင်း တွင် ရင်အုံဝဲဘက်ကျည်ဖောက်ဝင်ဒဏ် ရာ ၁ ချက်၊လည်ပင်းနောက်ဂုတ်ပိုးကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ လည်ပင်းအောက်ဘက် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ခုံကျည်ရှထိဒဏ်ရာ ၁ ချက်၊ ပါးစပ်မှသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ဥုးသုနန္ဒတွင် ဝဲပုခုံးကျည်ရှထိဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် ရန်ကြီးအောင်ရပ်ကွက် လူမှုကူညီရေးအသင်းယာဉ်ဖြင့် ရေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ အခင်းဖြစ်နေရာအနီးမှ ၉ မမ (ပစ္စတို)ကျည်ခွံ ၄ ခုကို တွေ့ရှိရကြောင်း သတင်းရရှိပါသည်။

#PAN