ရေစကြိုမြို့နယ်၊ ငါးလန်ရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးကို အကြမ်းဖက် သမား PDFများက သတ်ဖြတ်ပြီး ၅ နှစ်အရွယ်ကလေးတစ်ဦးကို ဒဏ်ရာများဖြင့် ထားပစ်ခဲဲ့

အောက်တိုဘာ ၁၈

      မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ငါးလန်ရွာနေ အပြစ်မဲ့ပြည်သူ ၄ ဦးကို အကြမ်းဖက် သမား PDFများက ယမန်နေ့ ညက သေနတ်ဖြင့် လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ယမန်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ရေစကြိုမြို့ နယ် ငါးလန်ရွာနေ သာမန်ပြည်သူများဖြစ်ကြသော ဦးထွန်းမင်းလွင်၊ ၄င်း၏ ဇနီး မခိုင်၊ ဦးဖိုးနု၊ဦးဉာဏ်မြင့်တို့ ၄ ဦးကို ၄င်းတို့၏ နေအိမ်များထဲတွင် အကြမ်း ဖက်များက သေနတ်ဖြင့် လာရောက်၍  ပစ်ခတ်သတ် ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဦးထွန်းမင်းလွင် ၏သား အသက် ၅ နှစ်အရွယ်ကလေး အား ဒဏ်ရာများဖြင့် ထားပစ်ခဲဲ့ကြောင်း၊ကလေးသည် အသက်မသေသေးဘဲကျန်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       သေဆုံးသူ ဦးထွန်းမင်းလွင်သည် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူဖြစ်သဖြင့် NUG ပြည်ပြေးအကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ” ငါနဲ့မတူ ငါ့ရန်သူ ”ဟုသော အကြမ်းဖက်ဝါဒအတိုင်း ပြည်ခိုင်ဖြိုး ဝန်းရံအားပေးသူများကို ယခုလိုသတ်ဖြတ်ခြင်းဖြစ် ကြောင်း သိရပါသည်။

#PAN