ရန်ကင်းမြိုနယ်၊ရန်ကင်းစင်တာ တတိယထပ်တွင် လူမနေသောအခန်း ဆေးလိပ်တိုမှ မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ ၁၈

       ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြိုနယ်၊အမှတ် ၂ ရပ်ကွက်၊ရန်ကင်းလမ်းနှင့် ဆရာစံ လမ်းထောင့် ၊ရန်ကင်း စင်တာ တတိယထပ်တွင် ယမန်နေ့ညနေ  ၆ နာရီ ၅၂ မိနစ်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားရာ ရန်ကင်းမြို့နယ်မီးသတ်စခန်း မီးသတ်ယာဉ် ၂ စီး၊ တာမွေမြို့နယ်မီးသတ်စခန်း မီးသတ်ယာဉ် ၂ စီးတို့ဖြင့် သွားရောက်မီး ငြိမ်းသတ်ခဲ့ကြောင်း၊ ညနေ ၆ နာရီ ၅၇ မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာခဲ့ပြီး ည ၇ နာရီ ၅ မိနစ်အချိန် မီးငြိမ်းခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ အခန်းအသစ်ပြင်ဆင်သည့် (လူမနေ) အခန်းအမှတ် 3B4 အခန့်၌ အလုပ်သမားများ ညနေ ၅  နာရီအချိန်ခန့်ပြန်သွားရာ ၎င်းတို့ကျန်ခဲ့သောဆေး လိပ်တိုမှ အခန်းရှိ လွှစာမှုန့်များသို့ မီးကူးစက်ပြီး မီးလောင် ကျွမ်းခြင်းဖြစ် ကြောင်းနှင့် မီးလောင်မှုကြောင့် လူ ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။

#PAN