မြင်းခြံမြို့နယ်တွင် NLD ပါတီအမာခံအမျိုးသားတစ်ဦးကို အကြမ်းဖက်သမား PDF များက ဒလန်စွပ်စွဲချက်ဖြင့် သတ်ဖြတ်

အောက်တိုဘာ ၁၈

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊သိမ်ရွာကျေးရွာ၏အရှေ့ဘက် ၁မိုင်ခန့်အကွာတွင် NLD ပါတီအမာခံအမျိုးသား ဦးအောင်နိုင်ဝင်းဆိုသူကို အကြမ်း ဖက်သမား PDF များက ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ဦးအောင်နိုင်ဝင်း၊၃၈နှစ်၊(ဘ)ဦးမြသန်း၊တောင်သူ၊သိမ်ရွာကျေးရွာ၊မြင်းခြံမြို့နယ်နေသူသည် ယနေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ၎င်း၏ယာခင်းသို့ မြေပဲစိုက်ပျိုးရန် နွားလှည်းဖြင့် တစ်ဦးတည်းသွား ရောက်ခဲ့ပြီး ယာခင်းအနီး အရောက်တွင် အကြမ်းဖက် သမား PDF ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် နောက်မှလိုက်ပါလာပြီး ဦးအောင်နိုင်ဝင်းအား သေနတ်ဖြင့်ပစ်ခတ်ကာ  အရှေ့ဘက်သို့ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးအောင်နိုင်ဝင်း တွင် ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နှာခေါင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-ခါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ကျော ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၂ ချက် တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ အမ် – ၂၂ ကျည်ခွံ ၄ခု သိမ်းဆည်းရမိခဲ့ပါသည်။

       သေဆုံးသူ ဦးအောင်နိုင်ဝင်းသည် ယခင်က NLD ပါတီအမာခံတစ်ဦးဖြစ်ကာ ယခုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အကြမ်းဖက်သတင်းများ ပေးနေသည့် ဒလန်ဟုသော စွပ်စွဲချက်ဖြင့် အကြမ်းဖက်အဖွဲ့က ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။

#PAN