မဟာအောင်မြေမြို့နယ်ရှိ လက်ဘက်ရည်ဆိုင်တစ်ခု၏ အခန်းအတွင်း အိပ်ပျော်နေသော ရာအိမ်မှူး တစ်ဦး အသတ်ခံရ

အောက်တိုဘာ ၁၈

        မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊သံ‌လျက်မှော် အနောက်ရပ်ကွက်၊အကွက်(၃၈၁)၊တောင်ငံပြာရည်ရပ်၊၄၁လမ်း ကုန်စိမ်းဈေးအနီး၊ရွှေကောင်းမြတ်လက်ဘက်ရည်ဆိုင်အတွင်း ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန့်ခန့်တွင် ရာအိမ်မှူးတစ်ဦးကို အကြမ်းဖက် PDFများက သေနတ်ဖြင့်ပစ်သတ်ဖြတ်ခဲ့ကြောင်း သိရပါ သည်။

       ဖြစ်စဥ်မှာ အဆိုပါ လက်ဘက်ရည်ဆိုင်အတွင်း ရာအိမ်မှူး တစ်ဦးဖြစ်သူ ဦးသန်းမင်း၊၄၅နှစ်၊(ဘ)ဦးအောင်ကြည်၊အကွက်(၄၀၂)၊စံပြရပ်၊သံလျက်မှော်အနောက်ရပ်ကွက်၊မဟာအောင် မြေမြို့နယ်နေသူသည် လက်ဘက်ရည်ဆိုင်ရှိ အိပ်ခန်းအတွင်း အိပ်နေစဉ် အမည်မသိ အကြမ်း ဖက် PDF နှစ်ဦးက ကမ်းနားလမ်းအတိုင်း နံပါတ် ပြား မပါ CZI အနက်ရောင်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးသန်းမင်း ကို အရပ်ရှည်၊ အသားဖြူ၊အသက် ၂၀ နှစ်ခန့်၊ မျက်နှာသွယ်၊ ဦးထုပ်အမဲရောင်ဆောင်း၊အင်္ကျီလက်ရှည် အသားရောင်ဝတ်ထား၊ဘောင်းဘီတို၊ ခြေသလုံးတွင် တက်တူးပါသူက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ် သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန်းမင်း တွင် ဝဲ-မျက်လုံးထောင့်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိကာ အခင်းဖြစ်ရာတွင်သေဆုံးသွားခဲ့ပါသည်။

     ” ဦးသန်းမင်း က အဲဒီ လက်ဘက်ရည်ဆိုင်ပိုင်ရှင်နဲ့အမျိုးတော်တယ်၊ နေ့လယ်ခင်း ခဏ ဝင်အိပ်နေတဲ့အချိန်မှာ PDF တွေက သေနတ်နဲ့ ဝင်ပစ်သွားပါ ”ဟု လက်ဘက်ဆိုင်အတွင်း လက်ဘက်ရည်သောက်နေသူ မျက်မြင်တစ်ဦးက PAN သို့ ပြောပြလာသည်။

      သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသော အမည်မသိ အကြမ်းဖက် PDF နှစ်ဦးသည် ကမ်း နားလမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနှင့် အခင်းဖြစ်အနီးမှ LUGER ကျည်ခွံ ၁ ခု တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN