အောက်တိုဘာ ၁၈
ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာ ဟာ ဥရုဂွေးအသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲစဉ်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးနောက် ကွင်းအတွင်းမှ သယ်ယူရေးယာဥ်နဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
နေမာ ဟာ ပထမပိုင်းပြီးဆုံးခါနီး အချိန်ပို ၄ မိနစ်မှာ ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့တာဖြစ်ပြီး အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရစ်ချာလီဆန်နှင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ နေမာ ဟာ ဒဏ်ရာအခြေအနေ ပြင်းထန်ခဲ့တာကြောင့် ကစားသမားဘဝအတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်ပါတယ်။
#PAN