တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၈

        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အောက်တို ဘာ ၁၃ ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း (၀)မိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေ ညာထားခြင်းမရှိသည့် Queen လိမ္မော်အချိုရည် ၂၇၅၄ ကီလိုဂရမ်အပါအဝင် ကုန် ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၅,၉၃၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊အောက် တိုဘာ ၁၅ ရက်က အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမကြီး ရေလုပ်ငန်းဦးစီးရုံးအနီး၌ လိုင်စင်မဲ့ Toyota Ipsum ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို သက်ဆိုင်ရာလုပ်ထုံးလုပ် နည်းများအရလည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၁,၅၀၅,၉၃၀) သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

        အောက်တိုဘာ ၁၄ ရက်က ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့ (၂၁)မိုင် ပူး ပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Crown ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၀,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

        အောက်တိုဘာ ၁၆ ရက်က မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ မင်းဘူးမြို့၊ ရွှေပေါက်ကံရပ် ကွက်၌ တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၆၈၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်၁၂၅,၈၄၈)ကို သစ်တောဥပဒေအရလည်း ကောင်း၊ အောင်လံမြို့ မြို့အဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်း ကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၈၁၂,၈၄၈)ကို သိမ်းဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

       အောက်တိုဘာ ၁၆ ရက်က အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက် ခွန်အဖွဲ့က မြန်မာ့စက်မှုဆိပ်ကမ်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Hammock Spring 2 Pin ၁၈၀၀၀ အပါ အဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၄၀,၅၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       အောက်တိုဘာ ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တမူးမြို့ (၄) မိုင်ပူး ပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများဖြစ်သည့် Tramadol HCL Capusules ဆေး တောင့် ၄၈၀၀၀နှင့် Midozalam Injection IP ထိုးဆေးပုလင်း ၂၀၀၀(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၄၀၀၀၀၀)ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ အိန္ဒိယနိုင်ငံထုတ်အမျိုးသမီးအဝတ်အထည် ၆၅၈၃ ထည်အပါ အဝင် ကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၃၇,၅၂၅,၇၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၉၂၅,၇၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

        ထို့အတူ အောက်တိုဘာ ၁၆ ရက်က ကရင် ပြည် နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Pandablue Slipper ဖိနပ် အရန် ၇၀၀ အပါ အဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၄,၀၅၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

       အလားတူ အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၆/၄)၌ မြဝတီမြို့ မှ ရန်ကုန်မြို့ သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Food Wrap (Plastic Roll) 3000 jool White Coating for Cakes ၃၈၅ထုပ်၊ အဝတ်အထည်ဟောင်း (ဘေထုပ်) ၁၆၀၀ ကီလိုဂရမ် အပါအဝင် ကုန် ပစ္စည်းခုနစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၉၅၅,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၀,၀၀၀,၀၀၀)ကို အကောက် ခွန်လုပ်ထုံး လုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၅၈၂ တန်နှင့် သစ်မာ သုည ဒသမ ၁၇၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်၂၇၇,၃၆၀)ကိုသစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၂၃၂,၃၆၀)ကို သိမ်း ဆည်းအရေးယူဆောင် ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၃၊ ၁၄၊ ၁၅၊ ၁၆ နှင့် ၁၇ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃,၃၃၉,၈၃၈)ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီမှ သိရသည်။

#PAN