အောက်တိုဘာ ၁၈
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာကျေး ရွာရှိ ကင်းသာ(၂) ကုန်ထုတ်အကျဥ်းစခန်းမှ အကျဥ်းသား ၇ ဦးသည် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့် ထွက်ပြေးလွှတ်မြောက်သွားကြောင်း သိရှိရသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော အကျဥ်းသားများမှာ နိုင်လင်း၊ ၃၅ နှစ်၊ (ဘ)ဦးနီလေး၊ ဗမာ/ဗုဒ္ဓ၊ ဘုရားကုန်းကျေးရွာ၊ မောင်းရမ်းအုပ်စု၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံး ရာကြီး ၄၁/၂၀၂၀၊ ပုဒ်မ ၃၀၂(၂)အမှုဖြင့် ထောင်ဒဏ် (၁၀)နှစ်၊ ကျန်ကာလ (၅)နှစ်(၂)လ (၆)ရက်၊ သန်းထိုက်အောင်(ခ) အောင်ကြီး၊ ၂၀ နှစ်၊ (ဘ)ဦးတင်ထွေး၊ ဗမာ/ဗုဒ္ဓ၊ အငြိမ်းစာ နိုင်ငံ ဝန်ထမ်းများအိမ်ရာဝန်း၊ သုခသိဒ္ဒိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံး ရာကြီး ၃၆/၂၀၂၁၊ ပုဒ်မ ၃၀၂(၂)အမှုဖြင့် ထောင်ဒဏ် (၁၀)နှစ်၊ ကျန်ကာလ(၆)နှစ်(၈)လ(၅)ရက်၊ ရဲမင်းဦး၊ ၂၆ နှစ်၊(ဘ)ဦးအောင်ဌေးဝင်း၊ ဗမာ/ဗုဒ္ဓ၊ အိုင်ဒိုကျေးရွာ/အုပ်စု၊ ရမည်းသင်း မြို့နယ်၊ ရမည်းသင်းမြို့နယ်တရားရုံး ရာကြီး ၄၃၆/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)အမှုဖြင့် ထောင်ဒဏ်(၆)နှစ်၊ ရာကြီး ၈၇/၂၀၂၂၊ ပို့သွင်း-၈ ထောင်ဒဏ်(၂)လ၊ ကျန်ကာလ (၃)နှစ် (၃)လ(၁၀)ရက်၊ နေထက်အောင်(ခ)နေထက်လင်း၊ ၂၆ နှစ်၊ (ဘ)ဦးပြူးကျော်၊ ဗမာ/ဗုဒ္ဓ၊ ကြို့ပင်သာ ကျေးရွာ /ပေါက်မြိုင်အုပ်စု၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံး ရာကြီး ၅၄/၂၀၂၁၊ ပုဒ်မ ၃၆၃/ ၃၇၆ အမှုဖြင့် ထောင်ဒဏ် (၁၀)နှစ်၊ ကျန်ကာလ(၆) နှစ်(၉)လ (၁၆)ရက်၊ ဇာလီ(ခ)အောင်ဆန်းဦး၊ ၃၀ နှစ်(ဘ)ဦးအောင်၊ ဗမာ/ဗုဒ္ဓ၊ မ/၁၀၂၊ ဗလီလမ်း၊ ချမ်းအေး သာယာရပ်ကွက်၊ မိတ္ထီလာမြို့၊ မိတ္ထီလာမြို့နယ်တရားရုံး ရာကြီး ၂၀၆၆/၂၀၂၂၊ ပုဒ်မ ၃၇၉၊ ရာကြီး ၂၀၆၇/၂၀၂၂၊ ပုဒ်မ ၃၇၉ အမှုဖြင့် ထောင်ဒဏ်(၄)နှစ်၊ ကျန်ကာလ (၂)နှစ် (၂၃)ရက်၊ ကျော်ကျော်သက်၊ ၂၇ နှစ်၊ (ဘ)ဦးခင်မောင်ရင်၊ ဗမာ/ဗုဒ္ဓ၊ ဆေးတစ်လုံးကျေးရွာ၊ ပြင်ဦးလွင် မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တရားရုံး ရာကြီး ၂၇၄/၂၀၂၀၊ ပုဒ်မ ၃၀၂(၂)အမှုဖြင့် ထောင်ဒဏ်(၈)နှစ်၊ ကျန်ကာလ (၄)နှစ်(၈)လ(၁၇)ရက်၊ အောင်နိုင်စိုး၊ ၃၃ နှစ် ၊(ဘ) ဦးတင်မြ၊ ဗမာ/ဗုဒ္ဓ၊ တောင်ရွာသင်ကျေးရွာ၊ ရွှေလောင်းအုပ်စု၊ အုတ်တွင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဥတ္တရသီရိမြို့နယ်တရားရုံး ရာကြီး ၇၃/၂၀၂၂၊ သစ်တောပုဒ်မ ၄၃(က)အမှုဖြင့် ထောင်ဒဏ်(၇)နှစ်၊ ကျန်ကာလ(၅)နှစ်(၇)လ (၁၅)ရက် တို့ဖြစ်ကြကြောင်း သိရသည်။
အဆိုပါ ထွက်ပြေးသွားသူ အကျဉ်းသား နိုင်လင်းပါ (၇)ဦးကို ဖမ်းဆီးရမိရေးအတွက် နယ်ထိန်းတပ်ဖွဲ့ဝင်များက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူး ပေါင်း၍ လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN