ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၈၀၀ ကျော်ခေါ်ယူမည်

အောက်တိုဘာ ၁၈

      ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်မှ မြန်မာအလုပ် သမားဦးရေ ၈၀၀ ကျော်ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။

       ဂျပန်ကုမ္ပဏီများမှ ကမ်းလှမ်းထားသည့် အလုပ်ကမ်းလှမ်းစာ ၂၄၃ ခုတွင် အမျိုးသား ၃၀၀ ကျော်၊ အမျိုးသမီး ၅၀၀ ခန့် ခေါ်ယူသွားမည်ဖြစ်ပြီး ယင်းအလုပ်‌ခေါ်စာများအတွက် အောက်တိုဘာလ ၃ ရက် ကနေ ၁၆ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပေးပို့ပြန်ကြားခဲ့တဲ့ စာရင်းများဖြစ်ကြောင်း ကြေငြာချက်အရ သိရပါတယ်။

        အဆိုပါ အကြောင်းကြားစာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ၊ ကုမ္ပဏီများအနေနဲ့ ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိ စာရွက် စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနကနေတစ်ဆင့် အလုပ် သမား ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

#PAN