ကော့ကရိတ်မြို့နယ်တွင် အငယ်တန်းစာရေး(ရပ်/ကျေး) တစ်ဦးကို အကြမ်းဖက် KKO(ခွဲထွက်)၊ PDF တပ်ဖွဲ့ဝင်များက သတ်ဖြတ်

အောက်တိုဘာ ၁၈

       ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာအုပ်စု၊ နန်းကော်တိုးကျေးရွာ တံတားအနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က အမျိုး သားအလောင်းတစ်လောင်းတွေ့ရှိကြောင်း တတန်ကူးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးမှ သတင်းပေးပို့လာမှုကြောင့် မြို့နယ်လုံခြုံရေးတာဝန်ရှိသူများက သွား ရောက်စစ်ဆေးရာ ကော့ကရိတ်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ထီဟူးသံကျေးရွာအုပ်စု၊ အငယ်တန်းစာရေး(ရပ်/ကျေး)အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးညီညီနိုင် (ထ/၁၁၁၂၉၈)၊ ၄၆ နှစ်၊ (ဘ) ဦးစံမြိုင်ဖြစ်ကြောင်း သိရှိရသည်။

     ဖြစ်စဥ်မှာ သေဆုံးသူ ဦးညီညီနိုင် သည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတန်ကူးကျေးရွာအုပ်စု၊ နန်းကော်တိုးကျေးရွာ ၎င်း၏ မိသားစုပိုင် ရာဘာခြံသို့သွားရောက်စဉ် ခြံအတွင်း၌ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များမှ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နန်းကော်တိုး တတန်ကူးလမ်းတံတားအနီး ရေမြောင်းတွင် အလောင်းအား ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

       သေဆုံးသူ ဦးညီညီနိုင် တွင် နဖူး ကျည်ဖောက်ဝင်ပြီး ဦးခေါင်းနောက်ဖောက်ထွက်ဒဏ် ရာ ၁ ချက်၊ ဝဲနံရိုးဘေး ညိုမဲဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးခဲ့ကြောင်း၊ ကတန်ကူးကျေးရွာအုပ်စုဒေသသည် အကြမ်းဖက် KKO(ခွဲထွက်)၊ PDF အဖွဲ့များ လှုပ်ရှားသွားလာနေသည့် နေရာများဖြစ်ကြောင်း သိရပါသည်။

#PAN