အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အမေရိကန်တွင်တာဝန်ရှိဟု အီရန်ပြော

အောက်တိုဘာ ၁၇

        အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အမေရိကန်တွင် တာဝန် ရှိမည် ဖြစ်ကြောင်း အီရန်အစိုးရက အောက်တိုဘာလ ၁၆ ရက်တွင် ပြောသည်။

       လက်ရှိဖြစ်ပွားနေသော အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတွင် အမေရိကန်က အစ္စရေးဘက်သို့ ထောက်ပံ့ပေးသည့်အနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းသို့ လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအုပ်များ စေ လွှတ်ပေးခြင်းအပါအဝင် အခြားသော ထောက်ပံ့မှုများနှင့် ပြုလုပ်ခဲ့ ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိ သူ နက်ဆာကာနားနီက ပြောကြားခဲ့သည်။

       ပဋိပက္ခဖြစ်ပွားရာ ဒေသအနီးသို့ စစ်ရေယာဉ်အုပ်များစေလွှတ်ခြင်းသည် မည်သည့်အတွက်မျှ မဟုတ် သော်လည်း ရာဇဝတ်မှုကျူးလွန်သူများကို အားပေးအားမြှောက်ပြုခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြော သည်။ တစ်ချိန် တည်းမှာပင် ထိုပဋိပက္ခ၌ အီရန်နိုင်ငံ၏ စနက်ပါဝင်ကြောင်း အမေရိကန်၏ စွပ်စွဲပြောဆိုမှုကို အီရန် တာဝန်ရှိသူများက ငြင်းဆိုကာ ပါလက်စတိုင်းတို့ လုပ် ဆောင်သော စစ်ဆင်ရေးသည် ၎င်းတို့၏ ကိုယ် ပိုင် ဆုံးဖြတ် ချက်ဖြင့်သာ လုပ် ဆောင်ခြင်းဖြစ် သည်ဟု တုံ့ပြန်ထားသည်။

       ထို့အတူ အီရန်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအရေးအဖြစ် ဂါဇာဒေသကို ပံ့ပိုးထောက်ပံ့မှု များပေး သွားမည်ဖြစ်ကြောင်း နက်ဆာကာနားနီးက ဆက်လက်ပြောသည်။ ပါလက်စတိုင်းမှ ဟားမတ်အဖွဲ့က အောက်တိုဘာလ ၇ ရက်တွင် ဒုံးကျည်ထောင်ပေါင်းများစွာ ပစ်လွှတ်ခြင်း၊ မြေပြင်တွင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခြင်းတို့ဖြင့် စစ်ဆင်ရေးကို စတင်ခဲ့ရာ အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု အများအပြားဖြင့် တုံ့ပြန်ခဲ့သည်။ အောက်တိုဘာလ ၁၇ ရက်အထိ ၁၀ ကြာနေပြီဖြစ်သည့် အဆိုပါစစ်ပွဲအတွင်း နှစ်ဖက်စလုံး မှ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးနေပြီ ဖြစ်ကာ ဒဏ်ရာရရှိသူများစွာ ရရှိနေကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN