မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၇

       မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက် တိုဘာ ၁၅ ရက် ညနေ ၅ နာရီတွင် ဗန်းမော်မြို့ နယ်၊ ဗန်းမော်-မံစီသွားကားလမ်း ကောင်ဂျာယန် ကျေးရွာအနီးတွင် သိန်းစိုး မောင်းနှင်ပြီး မဂျာဘွဲ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ၊စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့ နယ်၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ဖော့တောကျေးရွာအနီးတွင် SUZUKI ERTIGA အမျိုး
အစားအငှားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ
ယာဉ်ပေါ်ပါ ခရီးသည် မနန်းဥမ္မာချော၊ မမူလှပွင့်၊ မဝင်းရီနှင့် မနန်းရီတို့ လေးဦးထံမှ ဘိန်းစိမ်း ၁၂ ဒသမ ၈ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၃၄)ရပ်ကွက် သင်းဝင်လမ်းတွင် မြင့်ဝင်း မောင်းနှင်လာသည့် Micro Bus ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၀၀၀ ကို လည်း ကောင်း ဖမ်းဆီးရမိခဲသည်။

       အလားတူ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာယာဉ်ရပ်နားစခန်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ စိုင်းစွမ်းထက်ဗိုလ်(ခ) ရှမ်းလေးကို စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁ ဒသမ ၃၇၅ ကီလို၊ Happy Water သုည ဒသမ ၁၃၅ ကီလို သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၃ နာရီခွဲက ကွင်းဆက်တရားခံ ထွန်းထွန်းစိန်ကို တောင်ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက် လက်ဖမ်းဆီးရမိခဲ့သဖြင့် စိုင်းစွမ်းထက်ဗိုလ်(ခ)ရှမ်းလေး၊ ၂၈ နှစ်နှင့် ထွန်းထွန်းစိန်၊ ၆၁ နှစ်တို့ကိုလည်း ကောင်း၊ ထို့ပြင် ယင်းနေ့ မွန်း လွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ ပါဟတ်ရပ်ကွက်တွင် လှိုင်ဘွားမောင်းနှင်ပြီး မဒေလီမွန်မွန်နိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀၀ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့သည်။

         အဆိုပါ တရားခံအားလုံးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင် ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN