မြန်မာနဲ့မကာအို ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ယနေ့ယှဉ်ပြိုင်ကစားမယ်

အောက်တိုဘာ ၁၇
မြန်မာအသင်းနှင့် မကာအို အသင်းတို့သည် ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာလ(၁၇)ရက် ယနေ့ မြန်မာစံတော်ချိန် ညနေ(၆)နာရီတွင် Macau Olympic Complex တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့် ၊ ပထမ အကျော့အဖြစ် အောက်တိုဘာ ၁၂ ရက် က မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ့လက်ရွေးစင်အသင်းက မကာအိုအသင်းကို ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရထားသည်။
နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရရှိသည့် အသင်းသည် ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။