မော်လမြိုင်မြို့ပေါ်တွင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများပြုလုပ်စဥ် လူငယ် နှစ်ဦး လက်နက်၊ခဲယမ်း၊မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

အောက်တိုဘာ ၁၇

        မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြိုနယ်နှင့် နယ်မြေရဲစခန်းတို့မှ တာဝန်ရှိသူများ၊ သက်သေအဖြစ်ရာအိမ်မှူးများပါဝင်သောအဖွဲ့သည် သွေးသောက်ရပ်ကွက်၊ ဗုဒ္ဓဝင်လမ်းမနှင့်  ဒေါနလမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများပြုလုပ်စဥ် ယမန်နေ့ မွန်းလွဲပိုင်းက လူငယ် နှစ်ဦးကို လက်နက်၊ခဲယမ်း၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရပါသည်။

ဖြစ်စဥ်မှာ ပိတ်ဆို့စစ်ဆေးရေးအဖွဲ့ အဆိုပါနေရာတွင် စစ်ဆေးနေစဥ် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ဗုဒ္ဓဝင်လမ်းမကြီးအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသည့် နံပါတ်မပါ Honda 125 Wave I အမျိုးအစား၊ အဖြူရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်မောင်းနှင်လာသူမှာ မင်းပြည့်ဖြိုးဟန်(ခ)ပြည့်ဖြိုးဟန် (ခ)သားကြီးနှင့် နောက်ထိုင် လိုက်ပါလာသူမှာ လွင်မိုး ဆိုသူတို့ဖြစ်ကြောင်းသိရှိရသည်။

         ၎င်းတို့၏ခန္ဓာကိုယ်များနှင့် ဆိုင် ကယ်အား ရှာဖွေစစ်ဆေးရာ မင်းပြည့်ဖြိုးဟန်(ခ)ပြည့်ဖြိုးဟန်(ခ)သားကြီး ဝတ်ဆင်ထားသည့် DESIONER စာတမ်းပါ အပြာရောင်ဂျင်းဘောင်း ဘီ၏ ယာဘက်အိတ်ကပ်အတွင်းမှ SIG SAUER အမျိုးအစား အီတလီနိုင်ငံထုတ် 66A704605 နံပါတ်ပါ ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉မမကျည် ၁ တောင့်၊ ၎င်းလွယ်ထားသည့် JINPAIDI စာတမ်းပါအစိမ်းရောင်ဘေးလွယ် အိတ်အတွင်းမှ ၉ မမကျည်အိမ် ၁ ခု၊ ၉မမကျည် ၅ တောင့်၊ ပွိုင့် ၃၈ ကျည် ၆ တောင့်၊ အဖြူရောင်ပလပ်စတစ်ကပ်ခွါအိတ်အတွင်း ထည့်ထားသည့်ဆေးခြောက် ဟုယူဆရသော အရိုး/အရွက်ရော ရာ ၀.၅ ဂရမ်ခန့်ကာလတန်ဖိုး ၂၀ဝိ/-ခန့်၊ အဖြူရောင် ပလပ်စတစ်ကပ်ခွါအိတ်အတွင်းထည့်ထားသည့် K အမှုန့် ၀.၅ ဂရမ်ခန့်၊ ကာလတန်ဘိုး ၂၀၀၀ဝိ/-ခန့်၊ ပြည့်ဖြိုးဟန်အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်း ၁ ခု၊ ပြည့်ဖြိုးဟန် အမည်ပါ (ခ)အဆင့် ယာဉ်မောင်းလိုင်စင် ၁ ခု၊ လွင်မိုးဝတ်ဆင်ထားသည့် ဘောင်းဘီအိတ် ကပ်အတွင်း မှ လွင်မိုးအမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်း ၁ ခု၊ လွင်မိုးအမည်ပါ (ခ)အဆင့် ယာဉ်မောင်း လိုင်စင် ၁ ခု၊ ဆိုင်ကယ်နောက် တူးဘောက်အတွင်းမှ မူးယစ်ဆေး ဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဖန်ပြွန်ဗူး ၁ ခု၊ ဆေးခြောက်ချေရာတွင် အသုံးပြုသည့် လက်လှည့် သတ္ထုဗူး ၁ ဗူးတို့အား ရှာဖွေတွေ့ရှိခဲ့သည်။

         ဆေးခြောက်နှင့် K မူးယစ်ဆေးဝါးအမှုန့်များကို သုံးစွဲရန်အလို့ငှါ လက်ဝယ်ထားရှိပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုခဲ့သော မင်းပြည့်ဖြိုးဟန်(ခ)ပြည့်ဖြိုးဟန်(ခ)သားကြီး၊ ၂၄ နှစ်၊ (ဘ)ဦးဇော်မင်းဦး၊၁၀/ပမန(နိုင်)၂၁၉ ၅၉၃၊ မွန်/ဗုဒ္ဓ၊ ကျဘမ်း၊ခရုံကျေး ရွာ၊ ကျိုက်မရောမြို့နယ်နေသူနှင့် လွင်မိုး၊ ၂၆ နှစ်၊ (ဘ) ဦးညီညီလွင်၊ ၃/ဘသဆ(နိုင်) ၀၀၅၃၄၀၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ အောင်ဇဗ္ဗူလမ်း၊ လမ်းသွယ်(၁)၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်မြို့နေသူတို့ ၂ ဦးကို  ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN