စာသင်ကျောင်းတွင် လုံခြုံရေးတာ၀န်ထမ်းဆောင်သော တပ်မတော်စစ်ကြောင်းကို  အကြမ်းဖက်သောင်းကျန်းသူ  နဂါးဖြူအဖွဲ့က လာရောက်တိုက်ခိုက်ရာ လေကြောင်းပစ်ကူကြောင့် ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးရ

အောက်တိုဘာ ၁၇

       ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်) နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့ထဲသို့ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ရာ  အမှတ်(၇)ရပ် ကွက် မြ၀တီ မြို့အထွက် ကားလမ်းမကြီးအဟောင်းဘေး ရုံးကြီးနားရှိ မြို့နယ်တရားရုံး အနောက်ဘက်တွင် ကျရောက်ပေါက်ကွဲကြောင်း၊ ထို့ပြင် နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဒုတိယအကြိမ် ထပ်မံကျရောက် ပေါက်ကွဲကြောင်းသိရှိရသည်။

        ၎င်းအပြင် ယနေ့ နံနက် ၉ နာရီ ၅၆ မိနစ်အချိန်ခန့်တွက် ကော့ကရိတ်မြို့နယ် တောင်ဘက်ပိုင်းကော့နွဲ့ကျေးရွာရှိ စာသင်ကျောင်းတွင် လုံခြုံ ရေးတာ၀န်ထမ်းဆောင်သော တပ်မတော်စစ် ကြောင်းကို  အကြမ်းဖက်သောင်းကျန်းသူ  နဂါးဖြူအဖွဲ့က လာရောက်တိုက်ခိုက်ပြီး ပြန်အဆုတ်တွင် တပ်မတော်လေတပ်မှ Jet Fighter  ၁ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးကြရကြောင်း သတင်း ရရှိပါသည်။

     အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်) နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့ကို ပစ် မှတ်ထားပြီး Drone ​များဖြင့် Drop Bomb များ ပစ်ချခြင်း၊ အငိုက်ဖမ်းတိုက်ခိုက်ခြင်းများမကြာခဏ ပြု လုပ်နေပြီး ကော့ကရိတ်မြို့နယ်အတွင်း ခိုအောင်းနေကြောင်း ဒေသခံပြည်သူများထံမှ သိရပါသည်။

#PAN