အောက်တိုဘာ ၁၈
အမေရိကန်နိုင်ငံ ဂျော်ဂျီယာအကျဉ်းထောင်တွင် လူသတ်မှုနှင့် စွဲချက်တင်အကျဉ်းကျခံနေရသည့် နာမည်ကြီးအကျဉ်းသားတစ်ဦးအပါအဝင် (၄) ဦး ထောက်ဖောက်ထွက်ပြေးကြောင်းသိရသည်။
အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်အစောပိုင်းတွင် ထောင်ပြတင်းပေါက်ကတစ်ဆင့် ထွက်ပြေးခဲ့ကြပြီး ထောင်ခြံစည်းရိုးအား ချိုးဖျက်ခဲ့ကာ အသင့်စောင့်နေသည့် အပြာရောင် Dodge Challenger ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရသည်။
အကျဉ်းသားထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအပူတပြင်းရှာဖွေစုံစမ်းလျက်ရှိပြီး တွေ့ရှိပါက အကြောင်းကြားနိုင်ရန် ဖုန်းနံပါတ်များ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အကျဉ်းသားများသည် လူသတ်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ လက်နက်နှင့်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ကျူးလွန်ခဲ့ကြသူများဖြစ်ကြောင်းသိရသည်။