အောက်တိုဘာ ၁၈
အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန် ၄နိုင်ငံတို့၏ကန့်ကွက်မှုကြောင့် ပါလက်စတိုင်း၊အစ္စရေးဆိုင်ရာ ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်မပြုနိုင်ခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင်ကျင်းပခဲ့သော အဆိုပါအစည်းအဝေးတွင် ပါလက်စတိုင်း၊ အစ္စရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်၍ မဲပေးခဲ့ရာ ထောက်ခံမဲအရေအတွက် မလုံလောက်ခဲ့သည့်အတွက် ယင်းဆုံးဖြတ်ချက်ကို အတည်မပြုနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို ရုရှားနိုင်ငံက တင်သွင်းခဲ့ပြီး ဘက်စုံ လေးစားမှုရှိသော လူသားချင်းစာနာထောက်ထားမှု အပစ်အခတ် ရပ်စဲခြင်းကို ဖော်ဆောင်ရန် ပန်ကြားကြောင်းနှင့် လူသားခြင်းစာနာမှုဆိုင်ရာအချက်များပါဝင်သည်။