ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့အဖြစ်မကာအိုနှင့် မြန်မာ ယနေ့ ကစားမည်

အောက်တိုဘာ ၁၇

       ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် မကာအိုအသင်းနှင့် မြန်မာအသင်းသည် အောက်တိုဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် မကာအိုရှိ Olympic Sports Centre Stadium ၌ ယှဉ် ပြိုင် ကစားမည်ဖြစ်သည်။

      မြန်မာအသင်းသည် အောက်တိုဘာ ၁၂ ရက်က ယှဉ်ပြိုင်ကစားသည့် ပထမအကျော့တွင် ငါးဂိုး – တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရထားသဖြင့် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းလျက်ရှိသည်။ မြန်မာအသင်းသည် ပထမအကျော့ကစားသည့်ခြေစွမ်း၊ မကာအိုအသင်းနှင့်အကြား ခြေစွမ်းကွာဟမှုများကြောင့် ဒုတိယအကျော့တွင်လည်း ရလဒ်ကောင်းရယူနိုင်ရန် အခြေ အနေကောင်းနေသည်။

        မကာအိုအသင်းနှင့် မြန်မာအသင်းတို့၏ ခြေစစ် ပွဲ ဒုတိယအကျော့ ပွဲကြိုသတင်းစာရှင်း လင်းပွဲကို အောက်တိုဘာ ၁၆ ရက်က ကျင်းပ သည်။ မြန်မာအသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာက “အိမ်ကွင်းမှာနိုင်ခဲ့သလို အဝေးကွင်းမှာလည်း နိုင်ချင်ပါတယ်။ နိုင်ပွဲရဖို့အတွက် အခွင့်အရေးအားလုံးကို အသုံးချသွားမှာပါ။ ခံစစ်ကစားသွားဖို့မရှိဘဲ အင်အားအပြည့်နဲ့ ကစားသွားဖို့ရှိပါတယ်။ ပထမအကျော့မှာ ဂိုးပြတ်နိုင်ခဲ့တယ်ဆိုပေမယ့် မကာအိုအသင်းကလည်း ယှဉ်ကစားနိုင်စွမ်းရှိပါတယ်” ဟု ပြောကြားခဲ့သည်။

        မြန်မာ့လက်ရွေးစင်အသင်း ကွင်းလယ်ကစား သမား ကျော်မင်းဦးက “ပထမပွဲမှာ အနိုင်ရခဲ့သလို ဒီပွဲကိုလည်း အနိုင်ရချင်ပါတယ်။ ဒီပွဲစဉ်ကို လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် အကြိုပြင်ဆင်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အင်အားအပြည့်၊အာရုံစူးစိုက်မှုအပြည့်နဲ့ ယှဉ်ပြိုင်ကစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

#PAN