UFC 294 ပြိုင်ပွဲ အဓိကတွဲဆိုင်းနှစ်ပွဲ ကစား သမား အပြောင်းအလဲဖြစ်ပေါ်ခဲ့

အောက်တိုဘာ ၁၆

      ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ Etihad Arena မှာ ကျင်းပမယ့် UFC 294 ပြိုင်ပွဲဟာ ၁၀ ရက်အလိုမှသာ အဓိကတွဲဆိုင်းနှစ်ပွဲရဲ့ ကစား သမားများ အပြောင်း အလဲပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

      မူလက အဓိကတွဲဆိုင်းအဖြစ် လိုက်ဝိတ်တန်းချန်ပီယံ ရုရှားကစားသမား အစ္စလာမ်မာဟာချက်ဗ်နှင့် ချန်ပီယံဟောင်းဖြစ်သူ ဘရာဇီးလ်ကစား သမား ချားလ်စ်အိုလီဗီရာတို့ UFC 294 ပြိုင်ပွဲရဲ့ မကျေပွဲ ပြန် လည်ထိုးသတ်ရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

      အိုလီဗီရာ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်က လေ့ကျင့်မှုပြုလုပ်စဉ် ယာဘက် မျက်ခုံးကွဲသွားတာကြောင့် ချန်ပီယံခါးပတ် တစ်ကျော့ပြန်စိန်ခေါ်ခွင့် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် UFC ပြိုင်ပွဲဥက္ကဋ္ဌ ဒေနာဝှိုက် က မာဟာချက်ဗ်နှင့် ထိုးသတ်ရန် UFC ဖယ်သာဝိတ်တန်းချန်ပီယံ သြစတြေးလျ ကစား သမား အလက်ဇန္ဒား ဗိုလ်ကာနော့ဗ်စကီး ကို အစားထိုးရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

      ဒုတိယအဓိကတွဲဆိုင်းအဖြစ် မူလက ဘရာဇီးလ်ကစားသမား ပေါ်လိုကော်စတာနှင့် ရုရှား-ဆွီဒင်နွယ်ဖွား ဟမ်ဇက်ချီမာ့ဗ် တို့ ထိုးသတ်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။ ပေါ်လိုကော်စတာမှာ ယာဘက်တံတောင်ဆစ်ဒဏ်ရာ ခွဲစိတ်ကုသမှု ထပ်မံပြုလုပ်ရန် လိုအပ်နေသဖြင့် ချီမာ့ဗ်နှင့် ထိုး သတ်မယ့် ပြိုင်ဘက်ကို အပြောင်းအလဲပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ UFC 294 ပြိုင်ပွဲကို အစောပိုင်းအဆင့် ရှစ်ပွဲနှင့် အဓိကပွဲစဉ် ငါးပွဲ၊ စုစုပေါင်း ၁၃ ပွဲ ထည့်သွင်းကျင်းပမယ်လို့ သိရပါတယ်။

#PAN