အိန္ဒိယနိုင်ငံက ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် စိတ်ဝင်စားဟု ဝန်ကြီးချုပ်မိုဒီ ပြောကြား

အောက်တိုဘာ ၁၆

      အိန္ဒိယနိုင်ငံသည် ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်ဝင်စားလျက်ရှိကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အတည်ပြုပြောကြားခဲ့သည်။

        အိန္ဒိယနိုင်ငံအနေဖြင့် အိုလံပစ်ပြိုင်ပွဲကို လက်ခံ ကျင်းပရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အောက်တိုဘာ ၁၄ ရက် ညပိုင်းက မွမ်ဘိုင်းမြို့၌ ကျင်းပသည့် (၁၄၁)ကြိမ်မြောက် နိုင်ငံတကာအိုလံပစ်ကော်မတီ အစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။

       အိန္ဒိယနိုင်ငံသည် ၂၀၂၉ ခုနှစ် နွေရာသီလူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် လေလံဆွဲရန်လည်း စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။

      ထို့ပြင် အိန္ဒိယနိုင်ငံအား ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအိုလံပစ်ကော်မတီ၏ ထောက်ခံမှုအပြည့် အဝရရှိလိမ့်မည်ဟုလည်း ယုံကြည်ထားကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အခိုင်အမာပြောကြားခဲ့သည်။

#PAN